• Enter Slide 1 Title Here

    မင်္ဂလာပါ။ PWA Myanmar က ကြိုဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

  • Enter Slide 3 Title Here

    This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

Sunday, December 27, 2015

G-spot


လိင်မှု ရေးရာ ကျွမ်းကျင်သူများ၏ ဖက်ရှင်တစ်ခုအဖြစ် ယနေ့ပြောဆိုနေသော စကားလုံးမှာ G-spot ဆိုသော စကားဖြစ်ပြီး လိင်မှု ရေးရာအကြောင်း ပြောဆိုသည့်အခါ မပါမဖြစ် ပါဝင်နေသော စကားလုံး ဝေါဟာရ တစ်ခုဖြစ်လာနေပြီ ဖြစ်သည်။ ၄င်း G-spot ဟူသော စကားလုံးကို ၁၉၅၀ ခုနှစ် ကတည်းက ဂျာမန်လူမျိုး ခန္ဓာဗေဒ ပညာရှင်များက ထုတ်နုတ် သုံးစွဲ ခဲ့ကြပြီး ယနေ့ခေတ်အထိ ပြောစမှတ်တွင် နေကြခြင်းလည်း ဖြစ်သည်။ G-spot သည် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုမှ မယုံကြည် နိုင်လောက်ဖွယ် သက်တောင့် သက်သာ ရှိမှုနှင့် ကာမဆန္ဒ ပြည့်ဝ ကျေနပ်စေမှု (အထွဋ်အထိပ် အရသာ) တို့ကို ဖြစ်ပေါ်စေသော ကျော်ကြားသည့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ၄င်း နေရာလေးသည် အမျိုးသမီး ယောနိ အင်္ဂါကဲ့သို့ပင် အလွန်တုန့်ပြန်ခံစား လွယ်သော တစ်ရှူးများဖြင့် တည်ဆောက်ထားပြီး မိန်းမကိုယ် (ယောနိအင်္ဂါ) ၏ အတွင်း အရှေ့ပိုင်းတွင် တည်ရှိသည်။
အမျိုးသားများ၏ လိင်တံ အင်္ဂါကဲ့သို့ပင် နှိုးဆွပေးသည့် အခါ မာကြော တောင့်တင်း လာပြီး တုန့်ပြန်တတ်သည့် ထပ်တူညီ သဘာဝလည်း ရှိသည်။ ထို အစိတ်အပိုင်းလေးကို တို့ထိရာတွင် နူးညံ့ငြင်သာစွာ ထိတွေ့ရန် အထူး လိုအပ်သည်။ ဖြစ်နိုင်လျင် လက်ချောင်းလေးဖြင့် အပြားလိုက် သာသာ ယာယာ နိုပ်နယ်ပေးခြင်းဖြင့် အမျိုးသမီး၏ ခံစားမှုကို နှိုးဆွ ရယူနိုင်သည်။ အမျိုးသမီး အတော်များများတွင် ယောနိအင်္ဂါ ထိပ်ရှိ လွန်းပုံသဏ္ဍန်ရှိ (အစေ့)လေး ကို နှိုးဆွပေးခြင်း အားဖြင့် ကာမ ဆန္ဒ အမြင့်ဆုံး ခံစားတတ်ကြသည်ကို တွေ့ရလေ့ရှိသည်။  ထိုသို့ နှိုးဆွပေးခြင်းသည် ဆက်ဆံမှု၏ အစပိုင်းတွင်သာ ဖြစ်ပြီး အထွဋ်အထိပ် ကာလ မရောက်မီအတွင်း ပျိုးယူပေးသော အဆင့်တွင်သာ ရှိသေးသည်။ ကာမ ဆန္ဒနိုးကြွခြင်းနှင့် အထွဋ်အထိပ် ခံစားခြင်းတို့မှာ ကွဲပြားခြားနားခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ရန် ဆက်ဆံမည့် စုံတွဲတိုင်း သတိပြုသင့်သည်။ အချို့မှာ စိတ်ဆန္ဒ နှိုးကြားရုံ သက်သက်သာရှိပြီး ကာမ ဆက်ဆံ၍ ပြီးဆုံးချိန်တွင် အပြည့်အ၀ မကျေနပ်ကြခြင်းမှာ နားလည်မှု လွဲမှားခြင်းကြောင့်သာ ဖြစ်သည်။ ထိုလွဲမှားမှုသည် G-spot ၏ အပိုင်း ကဏ္ဍ နှင့် ဆက်စပ်မှု အများကြီးရှိနေပြီး G-spot သည် အာရုံနိုးကြားမှု အင်္ဂါ၏ အရင်းအမြစ် သို့မဟုတ် အာရုံကြောများ၏ အလွန်အတွင်း ကျသော လျို့ဝှက် အစိတ်အပိုင်းလေး ဖြစ်သည်။ G-spot ၏ နိုးဆွမှုသည် အပေါ်ယံမှ တုန့်ပြန်လာခြင်းမျိုး မဟုတ်ဘဲ အမျိုးသမီး အင်္ဂါ ယောနိ၏ အတွင်းပိုင်း အကျဆုံးသော အပိုင်းမှ တုန့်ပြန်လာသည့် ခံစားမှု ရသကောင်း ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း အားနည်းမှုကြောင့် အမျိုးသမီး အတော်များများသည် G-spot ၏ အရသာထူးကို ခံစားဖူးသော တွေ့ကြုံဖူးသော တုန့်ပြန်မှု အလွန်နည်းပါး ကြသည်။ တစ်ကိုယ်ရေ ဖျော်ဖြေခြင်းဖြင့် ကျေနပ်တတ်ကြသော အမျိုးသမီးများ အနေဖြင့် လိင်အင်္ဂါအတု (Vibratory) ၏ တုန်ခါမှုမှ တစ်ဆင့် ရရှိသော ခံစားချက်ကို နှစ်သက် ကြသလို စိတ်ပျက် ကြသူများလည်း ရှိသည်။ အချို့မှာ ယားကျိကျိ ခံစားမှု မှတဆင့် G-spot ၏ အရသာကို နှစ်သက် သွားတတ်ကြသူများလည်း ရှိသည်။ အမှန်မှာ G-spot ၏ တုန့်ပြန်မှုမှာ ခန့်မှန်းရ အလွန်ခက်ပြီး မည်သို့ အကျိုး ခံစားရသည်ကို သိရှိရန်အတွက် အမျိုးသမီးများ အနေဖြင့် မိမိတို့ ကိုယ်တိုင် G-spot ၏ တုန့်ပြန်မှုကို အရင် စမ်းသပ်ကြည့် ပြီးမှသာ မိမိ၏ လိင်ဆက်ဆံဖေါ်အား မိမိ၏ နှစ်သက်သော အနေအထားကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဖြင့် အကောင်းဆုံးသော ကျေနပ်မှုကို ရရှိမည် ဖြစ်သည်။ ထိုကဲ့သို့ ပြောဆိုရန်အတွက် မည်သို့မျှ အတားအဆီး မထားသင့်ဘဲ ပွင့်ပွင့်လင်းလင်း ပုံမှန်သဘောဝ တစ်ခုကဲ့သို့ တိုင်ပင်မှသာ နှစ်ဦးစလုံးအတွက် အလွန်ကောင်းသော အတွေ့အကြုံများဖြင့် ဆောင်ရန်ရှောင်ရန်များကို သတိပြုမိမည် ဖြစ်သလို ပြောဆို ဆွေးနွေးလာသည့် အမျိုးသမီးများ အပေါ်တွင်လည်း ဆက်ဆံဖေါ် အမျိုးသားက နားလည်မှု လွဲမှားစွာဖြင့် ကာမ ရမက်ကြီးသူအဖြစ် အထင်မလွဲစေရန် အထူးအရေးကြီးပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ ပြည့်ဝသူအဖြစ် အထင်ကြီးလေးစား လက်ခံပေး သင့်သည်။ ခန္ဓာဗေဒ အားဖြင့် G-spot ကို မည်ကဲ့သို့ ရှာဖွေရမည်ကို ဦးစွာ လေ့လာရပေမည်။  ဆီးလမ်းကြောင်း တစ်လျောက် ယောနိအင်္ဂါ၏ အပေါ်ပိုင်း ဆီးအိတ်နှင့် အပြိုင်အနေအထားတွင် ရှိနေပြီး လွန်းပုံသဏ္ဍန် အစေ့တည်ရှိရာ၏ အောက်ဖက် အပေါက်ဝ တည့်တည့်နားတွင် တည်ရှိသည်။ ရေမြုပ်ကဲ့သို့ တစ်ရှူးစများက ဆီးလမ်းကြောင်းကို ၀န်းရံထားပြီး သွေးလည်ပတ်မှု ကောင်းမွန် လာသောအခါ အမျိုးသမီးတို့၏ ကိုယ်မှ ထွက်လာသော အရည်ကြည်များကို အသုံးပြုပြီး ကာမ ဆက်ဆံလိုသော ကာမ စိတ်ဆန္ဒတို့ စတင် လာပြီ ဖြစ်သည်။ ရေမြုပ်ကဲ့သို့ ပွစိစိ တစ်ရှူးများသည် အစေ့၏ အမြစ်ကဲ့သို့ ရပ်တည်နေကြပြီး ယောနိအင်္ဂါ၏ အတွင်းအကျဆုံး နေရာတွင် တည်ရှိသည်။ အမျိုးသမီး ယောနိ အင်္ဂါ အတွင်းသို့ လက်ချောင်း တစ်ချောင်း သို့မဟုတ် နှစ်ချောင်း ထည့်သွင်းပြီး အတွင်းဖက် အရှေ့ပိုင်း နံရံနှင့် ဆီးခုံရိုး၏ အောက်ခြေနားတွင်  G-spot တည်ရှိပြီး ထိုနေရာကို ထိတွေ့မိပါက G-spot ၏ သုံးပုံတစ်ပုံသို့ စမ်းသပ်မိနေပြီ ဖြစ်သည်။ ထိုနေရာ အရောက်တွင် ခံစားမှု တုန့်ပြန်ချက်များအဖြစ် အာရုံကြောများ ပွင့်ကားလာသည့် သဖွယ် ခံစားရပြီး အိစက် ညက်ညောသည့် တစ်ရှူးများကို လက်ချောင်းများဖြင့် မိမိနှစ်သက်သော အနေအထားအတိုင်း တစ်ဖက်မှ တစ်ဖက်သို့ ညင်သာစွာ အပြောင်းအရွှေ့ ပြုလုပ်ခြင်းဖြင့် ပိုမို သက်တောင့်သက်သာ ရှိသော ခံစားမှုမျိုးကို ရရှိလာမည် ဖြစ်သည်။ လက်ချောင်းများသည် အမျိုးသား အင်္ဂါနှင့် စာလျင် ပိုမိုထိရောက်လေ့ရှိပြီး အမျိုးသမီး၏ G-spot ရှိရာသို့ တန်းတန်း မတ်မတ် ရှာဖွေနိုင်ခြင်းလည်း ရှိကြသည်။ လိင်အင်္ဂါအတု (Sex Toys)  ထုတ်လုပ်သော ကုမ္မဏီများက အစေ့နှင့် G-spot ကို နှိုးဆွရာတွင် ထိရောက်မှု ပြုသော ပုံစံများကို ပြုလုပ်၍ ထုတ်လုပ် ရောင်းချ ကြသည်များလည်း ရှိသည်။ ဆေးပညာမှ ကာမ အာရုံ ခံစားမှုကို ပိုမိုနိုးကြားပေးရန် ပြုစု ကုသရန် နည်းသစ် တစ်ခုတွင် G-spot တစ်ခုအတွင်းသို့ ဆေးရည်တစ်မျိုး ထည့်သွင်းခြင်းဖြင့် ကာမ ဆန္ဒ တုန့်ပြန်မှု ပိုမိုကောင်းမွန် စေသည်ကိုလည်း ထပ်မံတွေ့ရှိထားသည်။ ထိုသို့ ပြုလုပ်ခြင်းသည် လျို့ဝှက်စွာဖြင့် ဆောင်ရွက်လေ့ ရှိကြပြီး ကုန်ကျစရိတ်မှာ ပေါင်တစ်ထောင်ခန့်အထိ ကျသင့်ပြီး ပုံမှန် လေးလမှ ခြောက်လ အတွင်း တစ်ကြိမ် ကုသမှု ခံယူရလေ့ ရှိသည်။ ခွဲစိတ် ကုသမှုများသည် အလွန် ကုန်ကျစရိတ်များပြားလှပြီး ခန္ဓာကိုယ်အပေါ် ပိုမိုခံစားလိုသူများ အတွက်မူ အကောင်းဆုံး အခွင့် အလမ်းများပင် ဖြစ်နေမည် ဖြစ်သည်။ အမျိုးသမီး အတော်များမှာ G-spot နှင့် ပတ်သက်ပြီး တုန့်ပြန်မှု အလွန်ကောင်းမွန်ကြပြီး ယခုကဲ့သို့ ကုသမှု ခံယူထားခြင်းနှင့် များစွာ ခြားနားလှခြင်း မရှိကြပေ။  သာမာန်လူများအတွက် မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ကုန်ကျစရိတ် ကြီးကြီးဖြင့် အပ်တစ်ချောင်းကို ပုံမှန်ထည့်သွင်းပြီး ကာမ ဆန္ဒအတွက် ဖြည့်စွက်ရမည် ဆိုသည်မှာ အနည်းငယ်သော အကြောင်းပြချက်မျှလောက် ဖြင့်တော့ မဖြစ်သင့်ပေ။ အမျိုးသမီးများ အနေဖြင့် အစေ့၏ နှိုးဆော်မှုဖြင့် စတင်သော လိင်ဆက်ဆံမှုက အမြင့်ဆုံး အနေအထားသို့ ရောက်ရန် လုံလောက်မှု ရှိနေပြီး ဖြစ်သည်။ ခြုံ၍ ပြောရမည် ဆိုပါက အမျိုးသမီးများ၏ လိင်အင်္ဂါသည် အမျိုးသားများအတွက် စိတ်ကျေနပ်မှု ပေးရန် လုံလောက်ပြီး အမျိုးသား အင်္ဂါသည်လည်း ထိုနည်းတူစွာ အမျိုးသမီးများ အတွက် ပြည့်စုံပြီးသား သဘာဝက ပေးထားသည့် ဆုလာဘ် တစ်ခု ဖြစ်သည်။ လိင်ဆက်ဆံမှု၏ ကျေနပ်မှု မကျေနပ်မှုသည် အမျိုးသမီး၏ ကိုယ်ရေး ကိုယ်တာ ဆန္ဒနှင့်လည်း အများကြီး သက်ဆိုင်နေသည်။ သူမ အနေဖြင့် ကာမ ဆန္ဒကို ရယူခံစားလိုလျင် အကောင်းဆုံးဖြစ်မည် ဖြစ်ပြီး သူမ အနေဖြင့် ဆန္ဒမရှိပါက အမျိုးသားမှ သူမ၏ ဆန္ဒအပေါ် ဖိအားပေးခြင်းမျိုး မပြုသင့်ဘဲ လိင်ဆက်ဆံမှု အပေါ် သူမ စိတ်ဝင်စားနိုင်သည့် အခြားပုံစံအသစ်များကို တီးခေါက် ကြည့်တတ်ရမည် ဖြစ်သည်။ လူအတော်များများ အငြင်းပွါး နေရသည့် ကိစ္စတစ်ခုမှာ အမျိုးသမီး ခန္ဓာကိုယ်မှ ထွက်သော အရည်သည် G-spot သို့ အမျိုးသား ခန္ဓာကိုယ်မှ ထွက်သော အရည်နှင့် တိုက်ဆိုင်မှသာ အမျိုးသမီး ကျေနပ်မှု အပြည်အ၀ ရသည်ဟု ထင်မြင်နေကြ ခြင်း ဖြစ်သည်။ အရည်ထွက်ခြင်း ဆိုသည်မှာ ရေမြုပ်သဏ္ဍန် တစ်ရှူးများမှ နိုးကြားလာခြင်း သက်သက်သာ ဖြစ်ပြီး ချောဆီ တစ်ခုသဖွယ် အသုံးပြုရန် သက်သက်သာ ဖြစ်သည်။ အချို့အမျိုးသမီးများမှာ ထိုသို့ အရည် များများ ထွက်လာခြင်းကို ဆီးသွားသည်ဟု ထင်ပြီး ဆရာဝန်များနှင့် ပြသသည်အထိ စိုးရိမ်တတ်ကြပြီး ကျွမ်းကျင်သူများ၏ ဖြေရှင်းချက်အရ အရေးကြီးသော ကိစ္စတစ်ခု မဟုတ်ကြောင်း သိရသည်။ အရည်ထွက်ခြင်း၏ အဓိက အခြေခံ အကြောင်းမှာ သူမအနေဖြင့် ကာမ ဆက်ဆံဖက်အပေါ် ကျေနပ်ခြင်းကြောင့် အချက်ပြသော သင်္ကေတ တစ်ခုလည်း ဖြစ်သည်။ သူမ အနေဖြင့် လိင်ဆက်ဆံရန်အတွက် စိတ်ပျက်ခြင်း မရှိသလို ကြောက်ရွံ့ထိပ်လန့်ခြင်း မရှိဘဲ ပွင့်လင်းမှု အပြည့် ရှိနေခြင်းကြောင့် ထိုသို့ တုန့်ပြန်လာခြင်းလည်း ဖြစ်သည်။  ထိုသို့ အရည်များ ထွက်ခြင်းကို လိင်ဆက်ဆံခြင်း၏ အချိန်ကာလ အတွင်း အနှောင့်အယှုက် မဖြစ်စေရန် အိပ်ယာပေါ်တွင် မျက်နှာသုတ် ပ၀ါသို့မဟုတ် ရေစိုခံ အထည်တစ်ခု ခင်းထားခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ယခု ဆောင်းပါး၏ အဓိက ရည်ရွယ်ချက်မှာ G-spot ကို အသားပေး နှိပ်နှယ်ခြင်း ပြုလုပ်ရန်ထက် တစ်ဦးနှင့် တစ်ဦး ကာမ ဆက်ဆံခြင်းအပေါ် ပွင့်လင်းစွာ အကြိုက်ခြင်း ဖလှယ်နိုင်ရန်သာ ရည်ညွန်းသည်။ ကာမ ဆက်ဆံစဉ် နှစ်ဦးကြား  သုံးစွဲသော စကားလုံးများ၏ အသုံးအနှုန်းအပေါ် တဆင့် နားလည်မှု လွဲသွားမည်လော  ဆိုသည့်  ဖိအားနှင့် ခံစားချက်မျာ မထားကြဘဲ ကာမဆက်ဆံစဉ် စကားလုံးမှအစ စိတ်ဆန္ဒအထိ နှစ်ကိုယ့် တစ်စိတ် ဖြစ်လာကြစေရန် ကြိုးစားအားထုတ်မည် ဆိုပါက အကောင်းဆုံးသော  ကာမ သုခကို ခံစားနိုင်ကြမည် ဖြစ်သည်။

Thursday, September 3, 2015

ဘုရားရှင်တို့၏ တူညီသောအချက် ၃၀

“ဘုရားရှင်တို့၏ တူညီသော အချက် ၃၀”



 ဘုရားရှင်တို့တွင် တူသော အချက်များ (၃၀) ရှိပါသည်။

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ ( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။ အဲလိုဆိုရင်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး ။ အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။ ( အလောင်းတော်တွေဟာ သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။ မယ်တော်ရဲ့ ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်ကိုယ့်သန္ဓေသားကို ကိုယ် ဗိုက်ကနေ ကောင်းကောင်းမြင်နေနိုင်ပါတယ် ။ ချဉ်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါသည် ။ ( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးပြီးပြီးချင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။ )

(၄) တောအရပ်၌သာ ဖွားတော်မူပါသည်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ…… “ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ “……ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် ဘ၀ပေါင်း (၃) ခု၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓါ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ – (သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်ပြီး ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ ( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်ပါတယ် ။ )

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။

(၈) ဘုရားဖြစ်မည့်နေ့တွင် နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ ( ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလည်း မမြန် ၊ မြန်မြန်လည်း မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများအတွက် ကောင်းစွာ ထောက်ပံ့တယ်။ )

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။ ( ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း - ၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ ) ၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ ) ၃/တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ ) ၄/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ ) ၅/ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ ) ၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည် ။ )

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။

(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ့ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။ (၇) ဌာနကို ပို့စ်သက်သက် တင်ထားပါတယ်…. ဒီမှာ တင်လိုက်ရင် အရမ်းရှည်နေမှာ စိုးလို့ပါ ။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ( ၇ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။ ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဥာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီးပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းက တရားဦးဟောရန် လျှောက်ရပါတယ်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။

(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။

(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။

(၁၈) သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါသည် ။ ( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။ ( မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။ အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ - ၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက် ၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက် ၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက် ၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက် ၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက် ၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက် ၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာဟာလည်း အကြောင်းတစ်ခုလို့ ဆိုပါတယ်။ ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက် ယမိုက်ကျမ်း-အရ လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ် နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ကျွန်တော်တို့နဲ့ ရေတွက်ပုံ တူရင်ပေါ့လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။ ကျွန်တော်လည်း လူ့ပြည်ရောက်တာကြာပြီဆိုတော့ မေ့ကုန်ပြီ ။( ဟီး ) )

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ ( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို့ကို ပညတ်တော်မူပါသည်။

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င်ကိုသာ ဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။ ( ဗုဒ္ဓကိစ္စငါးပါး ။ ။ ၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်း ကိစ္စ။ ၂/ ပစ္ဆာဘတ္တကိစ္စ = နေ့လွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။ ၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။ ၄/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။ ၅/ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော်မူ၍ ထိုကရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။ သုတ်သီလက္ခန် အဌကထာ – မှ )

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။


  FACEBOOK

Monday, August 31, 2015

We Are The World

We Are The World

   I liked this video.

Blogger.com

ABOUT BLOGGER

    Blogger is a blog-publishing service that allows multi-user blogs with time-stamped entries. It was developed by Pyra Labs, which was bought by Google in 2003. Generally, the blogs are hosted by Google at a subdomain of blogspot.com. Blogs can also be hosted in the registered custom domain of the blogger (like www.example.com). So blogspot.com domain publishings will be redirected to the custom domain. A user can have up to 100 blogs per account.

မင်္ဂလာပါ

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။
 Sent email to pwamyanmar

Tuesday, April 21, 2015

Photo


HELLO!

Hello! This is PWA MYANMAR blogspot!