• Enter Slide 1 Title Here

    မင်္ဂလာပါ။ PWA Myanmar က ကြိုဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

  • Enter Slide 3 Title Here

    This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

Friday, January 8, 2016

ကောင်းချီးမင်္ဂလာအနေနှင့် စိတ်ဓာတ်ကျခြင်း

သိပ်မကြာမီက သုတေသနပြုချက်များအရ ၀မ်းနည်းမှုနဲ့ အရှုံးပေးလိုစိတ်ကဲ့သို့သော ညဉ်လက္ခဏာများဟာ စိတ်ဓာတ်ကျခြင်း- လို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပေမယ့်- အဲဒါတွေမှာ သူတို့ရဲ့ အပြုသဘောဆောင် အပေါင်းလက္ခဏာပြ တဲ့ ဘက်ခြမ်းလည်း ရှိတယ်ဆိုတာ တွေ့ရှိကြရပါတယ်။
University of Basel, Switzerland- မှ ဦးစီးဦးရွက်ပြုတဲ့သုတေသနက- စိတ်ဓာတ်ကျတဲ့ပုဂ္ဂိုလ်များဟာ အလုပ်တာဝန် များကို ဆုံးဖြတ်ချက်ပြုလုပ်ကြရမှာ သူတို့ရဲ့ပုံမှန် အဆင့်အတန်း အရည်အချင်းတူသူထက် ပိုမိုကောင်းမွန်တာကို ဆောင်ရွက်ပြုလုပ်ကြတယ်-လို့ ဆိုပါတယ်။
ဘာ့ကြောင့် စိတ်ဓာတ်ကျတာလဲ? စိတ်ဓာတ်ကျတာဟာ ၀အောင် လောက်အောင်မရခြင်းရဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ သင်က အသည်းအသန်အလေးအနက်ထားပြီး လိုချင်တောင့်တတဲ့ တစ်စုံတစ်ကနေ- သင်ဟာ အပြင်းအထန် ချို့တဲ့ကင်းမဲ့နေတယ်- လို့ သင် ထင်မြင်တဲ့အခါ- ဒီအတွေးတွေက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ဖို့ရာ သေချာပါတယ်။
စိတ်ဓာတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်ရပ်တစ်ခု မဟုတ်ပါ။ အဲဒါက သဘာဝအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ သင် ရရှိချင်တဲ့အရာကို သင် ရရှိပြီးပြီဆိုတာ ခံစားရလျင်- အဲဒါက သင့်ကို နှစ်ထောင်းအားရမှုကို ပေးပါလိမ့်မယ်။ ဒါပေမယ့် သင်ရဲ့ပန်းတိုင်ကို ရရှိဖို့ သင် ဆုံးရှုံးပြီးပြီဆိုတာ သင်ခံစားရတဲ့အခါ- အဲဒါက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ပါတယ်။
ပထမအကြောင်းတရားမှာ သင်ဘ၀က တကယ့်မကြာမီပဲ full stop - သို့ လားရောက်ပါတယ်။ ဒါပေမယ့် ဒုတိယအခြေ အနေမှာတော့ သင့်ဘ၀ဟာ commas - က ကြားမှ ဖောက်ဖောက်လာပါတယ်။
ကျေနပ်ဖွယ်ရာမဟုတ်တဲ့အတွေ့အကြုံများဟာ နာလောက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် အသိညဏ်ဆိုင်ရာ တိုးတက်မှုသို့ ချီတက်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အကူပြု ဆောင်ရွက်မှုကို အဲဒါတွေက ပြုလုပ်ပါတယ်။ အတွေ့အကြုံဆိုင်ရာ ဒီအမျိုးအစားကို ကြုံဆုံရခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ ထိပ်တန်းအောင်မြင်သူ တစ်ဦး မဖြစ်နိုင်ပါ။
စောစောပိုင်းလက်ခံဆောင်ရွက်ထားတဲ့ လေ့လာဆန်းစစ်ချက်က - သူုတို့ရဲ့ သာမန် ဖြစ်နေကျ အင်္ဂါရပ်များကို ရှာဖွေ့ဖို့ အလို့ငှါ ထိပ်တန်းအောင်မြင်သူ တစ်ရာရဲ့ ဘ၀များကို- လေ့လာခြင်းကို လိုအပ်ခဲ့ပါတယ်။ ဒါက အားလုံးသော ဒီထိပ်တန်းအောင်မြင်သူများရဲ့ ယေဘုယျညဉ်လက္ခဏာတစ်ခုဟာ ကျေနပ်အားရခြင်းမရှိ- ဆိုတာ လေ့လာ သတိပြုမိပါ တယ်။
အားရကျေနပ်မှုမရှိခြင်းဟာ ရှေ့အလားအလာပန်းတိုင်ကို အောင်မြင်ဖို့ အဆုံးအစမရှိတဲ့ပြင်းပြမှုဇောအဟုန်ကို ဦးတည်းသည်သာမက- ပို၍ပို၍ အောင်မြင်ရန် မရပ်မနား မနားမနေဇောကပ်ခြင်းကိုလည်းပဲ ပေါက်ဖွားဖန်တီး ဖြစ်ပေါ်စေပါတယ်။
သို့ဖြစ် ဒါက -လုပ်ဆောင်ချက်ရဲ့ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်- အောင်မြင်မှုရဲ့အမြင့်မားဆုံးဒီဂရီအတွက် မာစတာကီး(Master Key) ဖြစ်လာပါတယ်။ အားရကျေနပ်မှုက အရာရာတိုင်းအတွက် full stop- တစ်ခုကို ထားရှိသည့်အရပ်- ကျေနပ်အားရမှုမရှိခြင်းကတော့ မရပ်မနား တောက်လျှောက် ခရီးတစ်ခုမှာ သင့်ကို တွန်းအားပေးပါတယ်။ ဒါက စိတ်ဓာတ်ကျခြင်းရဲ့ ကြီးမားတဲ့အကျိုးအမြတ် တစ်ပန်းသာမှုပဲ ဖြစ်ပါတယ်။
ပူပင်ကြောင့်ကြမဲ့ သက်သောင့်သက်သာရှိခြင်းမှာ နေထိုင်နေတဲ့သူများ- ဒါ့ကြောင့် လက်မှိုင်ချ မျော်လင့်ချက်ပျက် သုဉ်းခြင်းတိုင် သားကောင်ဖြစ်မသွားတဲ့သူများဟာ- ယေဘုယျအားဖြင့် သတိပြုမိလောက်အောင်ထင်ရှားတဲ့ ဘယ်အောင်မြင်မှုဖြင့်ဖြစ် အောင်မြင်ဖို့ ကျရှုံးသွားခဲ့ပြီးပြီဆိုတာ- သမိုင်းများက အမြဲတမ်း ပြကြပါတယ်။
မတူတာကတော့ အခက်အခဲဒုက္ခတွေ အမြဲတမ်းပတ်ချာဝိုင်းနေတဲ့သူများဟာ- နောက်ပိုင်းမှာ ထိပ်တန်းအောင်မြင်သူများ အဖြစ် ပေါ်ထွက်လာဖို့ရန်သာ စိတ်ဓာတ်ကျခြင်းထဲသို့ ကျရောက်သွားခြင်း ဖြစ်ပါတယ်။
သဘာဝရဲ့ဥပဒေအရ ထိပ်တန်းအောင်မြင်မှုများရဲ့ ခရီးက နာလောက်အောင်ဖြစ်တဲ့ဖြစ်စဉ်များကို လက်ကိုင်ပြုခဲ့တယ် ဆိုလျင်- သင်ဟာ အဲဒီဖြစ်စဉ်များကို ထိန်းသိမ်းရပါတယ်။ ဒါဆိုယင် သင်မှာ ရွေးစရာနှစ်ခု ရှိပါတယ်။ သူ့ရဲ့သဘာဝတန်ဖိုးကို ပေးခြင်းဖြင့် ထိပ်တန်းအောင်မြင်မှုကို ရယူလို့ ဖြစ်စေ- ဒါမှမဟုတ် ထိပ်တန်းအောင်မြင်မှုကို တစ်ကြိမ်တစ်ခါမျှ သိခြင်းမရှိဘဲ အသက်စွန့်သွားလို့ဖြစ်စေ- တစ်ခုခုပါ။
သဘာဝက အသီးသီးသောနည်းလမ်းများဖြင့် ဒီအချက်ကို လက်တွေ့ပြသခဲ့ပြီးပါပြီ။ ဥပမာ သင်ဟာ ပန်းသီးဖျော်ရည် တစ်ခွက်ကို လိုချင်လျင်- သင်ဟာ ပန်းသီးကို ဖိညှစ်ရပါ့မယ်။ ဒါက ထိပ်တန်းအောင်မြင်မှုကို ရချင်တဲ့ဘယ်သူဖြစ်ဖြင့် သက်ဆိုင်ပါတယ်။ သဘာဝက ပြဋ္ဌာန်းတဲ့ ဆူးရှိတဲ့လမ်းကို နင်းလျှောက်ဖို့ သူ့ကို မဖြစ်မနေ လုပ်ရပါတယ်။ အကြောင်းက ဒီသတ်မှတ်ချက်အနေအထားကို ဖြည့်စွမ်းခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ အလိုဆန္ဒရှိတဲ့ပန်းတိုင်ကို မရောက်ရှိနိုင်လို့ပါ။
သူ့ရဲ့ပါးစပ်မှာရွှေဇွန်းတပ်မွေးဖွားလာတဲ့သူဟာ ပျမ်းမျှလူတစ်ယောက်လို သူ့ရဲ့ဘ၀ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကံစီမံရာ ဖြစ်သလို- ရွှေဇွန်းတပ် မွေးဖွားလာတာမဟုတ်တဲ့သူအတွက်တော့ ကြီးမားတဲ့အောင်မြင်မှုများကို ရရှိဖို့ ကြိုးစားကြရမှာ-ဆိုတာ ဒါက ဘ၀ရဲ့ဖြစ်ရပ်မှန်ပဲ ဖြစ်ပါတယ်။
အစပထမမှာ စိတ်ဓာတ်ကျခြင်းဟာ ကံခေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်စသတ်တော့ အဆုံးမှာ စိတ်ဓာတ်ကျခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ခုပါလား ဆိုတာပါ။ တကယ်တော့ စိတ်ဓာတ်ကျခြင်းဟာ ဘ၀ရဲ့ခေတ္တအခိုက် အတံ့ဖြစ်တဲ့ ချိန်ကိုက်ဖြစ်မှုတစ်ခုသာ ဖြစ်ပါတယ်။ အမြဲတမ်းနိစ္စဓူဝဖြစ်တဲ့ လမ်းကြောင်းတော့ မဟုတ်ပါ။
စိတ်ဓာတ်ကျခြင်းဟာ ငြီးငွေ့ဖွယ် ခရီးတစ်ခုနဲ့ အလားတူကဲ့သို့ ဖြစ်ပါတယ်။ ဒီခရီးအတွင်း သင်ဟာ အားအင်ကုန်ခန်း မောပန်းနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ကုန်စရာ အခြေအနေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ ခရီးပန်းတိုင်ကို ရောက်ရှိတဲ့အခါ ကြည်နူးသာယာဖွယ်နှင့် ကျေနပ်အားရမှုအပေါင်းကို တွေ့ကြုံခံစားရပါတော့တယ်။

Sunday, January 3, 2016

တန်ဖိုးရှိသောလူ


ယဉ်ကျေးသိမ်မွေ့၍ တန်ဖိုးရှိသောလူ ဖြစ်လိုလျှင် မိမိကိုယ်တိုင် မိမိ အောက်ပါနည်းလမ်းများ ဖြင့် ဆန်းစစ်ကြည့်နိုင်ပါသည်။
၁. ဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာ တို့၏ ဂုဏ်ကျေးဇူးအနန္တကို ယုံကြည်သူဖြစ်ပါသလား။

၂. မကုန်နိုင်သော သိစရာ၊သင်စရာ၊တတ်စရာ၊ မှတ်စရာ များကို ဆည်းပူးစုဆောင်း ရှာဖွေသူအဖြစ် အမြဲ ရပ်တည်နေပါသလား။

၃. ရှက်စရာကိုရှက်တတ်ပြီး ကြောက်စရာကို ကြောက်တတ်ပြီး ၊စိတ်၌ ဟီရိသြတ္တပ္ပတရားကို ကိန်းဝပ်သူဖြစ်ပါသလား။

၎.ကလေးလူငယ်၊ သက်ကြီးရွက်အို၊ မှီခိုသူ၊ ဆင်းရဲသူတို့အား ကူညီမစခြင်း၊ပေးကမ်းစွန့် ကြဲခြင်း တို့ အပေါ်၌ စိတ်ချမ်းသာသူ ၊
ဝမ်းမြောက်ဝမ်းသာဖြစ်တတ်သူဖြစ်ပါသလား။

၅. ကိုယ့်ထက်ချမ်းသာသူကို မြင်လျှင် မနာလိုစိတ်ကင်း၍ ၀မ်းမြောက်ဝမ်းသာ စိတ်ဖြစ်ပါသလား။

၆. မိမိနီးစပ်သူများနှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ် ကင်းကင်းဖြင့် မေတ္တာထားနိုင်ပါသလား။

၇.မိမိထက်နိမ့်ကျသူများနှင့် တွေ့ဆုံပါက နိုင်ထက်စီးနင်းပြောဆို ဆက်ဆံပြုမူချင်သော စိတ်မထားပဲ သနားကြင်နာစိတ် ထားနိုင်ပါသလား။

၈. အာရုံခံစားမှုလွန်ကဲသူမဟုတ်ဘဲ အတွေ့ကို သတိထား၍ ရပ်တည်နိုင်ပါသလား။

၉. လူ့လောကထဲ၌ ကိုယ်တိုင်ယဉ်ကျေးသူ ၊ နာမည်ကောင်းရသူ ၊ ဘ၀တန်ဖိုးရှိသူအဖြစ် နေပြချင်သည့် စိတ်ရှိပါသလား။

အထက်ပါ အချက်ကိုးချက်ဖြင့် မိမိကိုယ် စမ်းစစ်၍ ဘ၀တွင် တန်ဖိုးရှိသူများ အဖြစ်နေထိုင် နိုင်ကြပါစေ. . .

Friday, January 1, 2016

Happy New Year, 2016

Hi! Everyone , Welcome to 2016 !!!

Blog ကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်နေတဲ့ လူတွေကို ဘယ်လို Ban မလဲ

ဒီပို့စ်ကိုတော့ ကျွန်တော် တင်ဖို့ စိတ်ကူးမရှိပါဘူး .  ဒါပေမယ့် ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့လူက နှစ်နည်းနဲ့ တိုက်ခိုက်နိုင်ပါတယ် .

(၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
(၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း

ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါလာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .

IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လိုသိနိုင်လဲဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့်အနေနဲ့ အကြံဥာဏ်များပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည်မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုးလာကြည့်တာမဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီးတိုက်ခိုက်မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ .
ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ..
. gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...

Ban နည်း
(၁) blogger.com ကို ၀င်လိုက်ပါ .
(၂) Layout >> Edit html ကို သွားလိုက်ပါ ..
(၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
(၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..



<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>
<script type="text/javascript">
//<!CDATA[
// Banned ip script 2.0
//(C)2009 Anhvo
//homepage: http://vietwebguide.com

var banned_ip = new Array();

banned_ip[0] = '85.143';
banned_ip[1] = '22.98.69.1';
banned_ip[2] = '155.67.4.182';
banned_ip[3] = '85.78';

var mes_bi = "Your IP is banned so you cannot visit this website!";

for(var i=0;i<banned_ip.length;i++) {
eval('var re = /^' + banned_ip[i] + '/ ;');
if (re.test(mc_user_ip))
{
document.write('<style type="text/css">');
document.write('BODY{display:none;}');
document.write('<\/style>');
alert(mes_bi);
break;
}
}
//]]>
</script>

ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသားကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချောကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံးအနက်နဲ့ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေထပ်ဖြည့်လို့ရပါသေးတယ် .
မင်းသားကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသားကိုသာထည့် ဒီဇာတ်ကား ရုံပြည့်ရုံလျှံဖြစ်သွားမယ် y