သိပ်မကြာမီက သုတေသနပြုချက်များအရ ၀မ်းနည်းမှုနဲ့ အရှုံးပေးလိုစိတ်ကဲ့သို့သော ညဉ်လက္ခဏာများဟာ စိတ်ဓာတ်ကျခြင်း- လို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပေမယ့်- အဲဒါတွေမှာ သူတို့ရဲ့ အပြုသဘောဆောင် အပေါင်းလက္ခဏာပြ တဲ့ ဘက်ခြမ်းလည်း ရှိတယ်ဆိုတာ တွေ့ရှိကြရပါတယ်။
University of Basel, Switzerland- မှ ဦးစီးဦးရွက်ပြုတဲ့သုတေသနက- စိတ်ဓာတ်ကျတဲ့ပုဂ္ဂိုလ်များဟာ အလုပ်တာဝန် များကို ဆုံးဖြတ်ချက်ပြုလုပ်ကြရမှာ သူတို့ရဲ့ပုံမှန် အဆင့်အတန်း အရည်အချင်းတူသူထက် ပိုမိုကောင်းမွန်တာကို ဆောင်ရွက်ပြုလုပ်ကြတယ်-လို့ ဆိုပါတယ်။
ဘာ့ကြောင့် စိတ်ဓာတ်ကျတာလဲ? စိတ်ဓာတ်ကျတာဟာ ၀အောင် လောက်အောင်မရခြင်းရဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ သင်က အသည်းအသန်အလေးအနက်ထားပြီး လိုချင်တောင့်တတဲ့ တစ်စုံတစ်ကနေ- သင်ဟာ အပြင်းအထန် ချို့တဲ့ကင်းမဲ့နေတယ်- လို့ သင် ထင်မြင်တဲ့အခါ- ဒီအတွေးတွေက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ဖို့ရာ သေချာပါတယ်။
စိတ်ဓာတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်ရပ်တစ်ခု မဟုတ်ပါ။ အဲဒါက သဘာဝအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ သင် ရရှိချင်တဲ့အရာကို သင် ရရှိပြီးပြီဆိုတာ ခံစားရလျင်- အဲဒါက သင့်ကို နှစ်ထောင်းအားရမှုကို ပေးပါလိမ့်မယ်။ ဒါပေမယ့် သင်ရဲ့ပန်းတိုင်ကို ရရှိဖို့ သင် ဆုံးရှုံးပြီးပြီဆိုတာ သင်ခံစားရတဲ့အခါ- အဲဒါက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ပါတယ်။
ပထမအကြောင်းတရားမှာ သင်ဘ၀က တကယ့်မကြာမီပဲ full stop - သို့ လားရောက်ပါတယ်။ ဒါပေမယ့် ဒုတိယအခြေ အနေမှာတော့ သင့်ဘ၀ဟာ commas - က ကြားမှ ဖောက်ဖောက်လာပါတယ်။
ကျေနပ်ဖွယ်ရာမဟုတ်တဲ့အတွေ့အကြုံများဟာ နာလောက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် အသိညဏ်ဆိုင်ရာ တိုးတက်မှုသို့ ချီတက်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အကူပြု ဆောင်ရွက်မှုကို အဲဒါတွေက ပြုလုပ်ပါတယ်။ အတွေ့အကြုံဆိုင်ရာ ဒီအမျိုးအစားကို ကြုံဆုံရခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ ထိပ်တန်းအောင်မြင်သူ တစ်ဦး မဖြစ်နိုင်ပါ။
စောစောပိုင်းလက်ခံဆောင်ရွက်ထားတဲ့ လေ့လာဆန်းစစ်ချက်က - သူုတို့ရဲ့ သာမန် ဖြစ်နေကျ အင်္ဂါရပ်များကို ရှာဖွေ့ဖို့ အလို့ငှါ ထိပ်တန်းအောင်မြင်သူ တစ်ရာရဲ့ ဘ၀များကို- လေ့လာခြင်းကို လိုအပ်ခဲ့ပါတယ်။ ဒါက အားလုံးသော ဒီထိပ်တန်းအောင်မြင်သူများရဲ့ ယေဘုယျညဉ်လက္ခဏာတစ်ခုဟာ ကျေနပ်အားရခြင်းမရှိ- ဆိုတာ လေ့လာ သတိပြုမိပါ တယ်။
အားရကျေနပ်မှုမရှိခြင်းဟာ ရှေ့အလားအလာပန်းတိုင်ကို အောင်မြင်ဖို့ အဆုံးအစမရှိတဲ့ပြင်းပြမှုဇောအဟုန်ကို ဦးတည်းသည်သာမက- ပို၍ပို၍ အောင်မြင်ရန် မရပ်မနား မနားမနေဇောကပ်ခြင်းကိုလည်းပဲ ပေါက်ဖွားဖန်တီး ဖြစ်ပေါ်စေပါတယ်။
သို့ဖြစ် ဒါက -လုပ်ဆောင်ချက်ရဲ့ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်- အောင်မြင်မှုရဲ့အမြင့်မားဆုံးဒီဂရီအတွက် မာစတာကီး(Master Key) ဖြစ်လာပါတယ်။ အားရကျေနပ်မှုက အရာရာတိုင်းအတွက် full stop- တစ်ခုကို ထားရှိသည့်အရပ်- ကျေနပ်အားရမှုမရှိခြင်းကတော့ မရပ်မနား တောက်လျှောက် ခရီးတစ်ခုမှာ သင့်ကို တွန်းအားပေးပါတယ်။ ဒါက စိတ်ဓာတ်ကျခြင်းရဲ့ ကြီးမားတဲ့အကျိုးအမြတ် တစ်ပန်းသာမှုပဲ ဖြစ်ပါတယ်။
ပူပင်ကြောင့်ကြမဲ့ သက်သောင့်သက်သာရှိခြင်းမှာ နေထိုင်နေတဲ့သူများ- ဒါ့ကြောင့် လက်မှိုင်ချ မျော်လင့်ချက်ပျက် သုဉ်းခြင်းတိုင် သားကောင်ဖြစ်မသွားတဲ့သူများဟာ- ယေဘုယျအားဖြင့် သတိပြုမိလောက်အောင်ထင်ရှားတဲ့ ဘယ်အောင်မြင်မှုဖြင့်ဖြစ် အောင်မြင်ဖို့ ကျရှုံးသွားခဲ့ပြီးပြီဆိုတာ- သမိုင်းများက အမြဲတမ်း ပြကြပါတယ်။
မတူတာကတော့ အခက်အခဲဒုက္ခတွေ အမြဲတမ်းပတ်ချာဝိုင်းနေတဲ့သူများဟာ- နောက်ပိုင်းမှာ ထိပ်တန်းအောင်မြင်သူများ အဖြစ် ပေါ်ထွက်လာဖို့ရန်သာ စိတ်ဓာတ်ကျခြင်းထဲသို့ ကျရောက်သွားခြင်း ဖြစ်ပါတယ်။
သဘာဝရဲ့ဥပဒေအရ ထိပ်တန်းအောင်မြင်မှုများရဲ့ ခရီးက နာလောက်အောင်ဖြစ်တဲ့ဖြစ်စဉ်များကို လက်ကိုင်ပြုခဲ့တယ် ဆိုလျင်- သင်ဟာ အဲဒီဖြစ်စဉ်များကို ထိန်းသိမ်းရပါတယ်။ ဒါဆိုယင် သင်မှာ ရွေးစရာနှစ်ခု ရှိပါတယ်။ သူ့ရဲ့သဘာဝတန်ဖိုးကို ပေးခြင်းဖြင့် ထိပ်တန်းအောင်မြင်မှုကို ရယူလို့ ဖြစ်စေ- ဒါမှမဟုတ် ထိပ်တန်းအောင်မြင်မှုကို တစ်ကြိမ်တစ်ခါမျှ သိခြင်းမရှိဘဲ အသက်စွန့်သွားလို့ဖြစ်စေ- တစ်ခုခုပါ။
သဘာဝက အသီးသီးသောနည်းလမ်းများဖြင့် ဒီအချက်ကို လက်တွေ့ပြသခဲ့ပြီးပါပြီ။ ဥပမာ သင်ဟာ ပန်းသီးဖျော်ရည် တစ်ခွက်ကို လိုချင်လျင်- သင်ဟာ ပန်းသီးကို ဖိညှစ်ရပါ့မယ်။ ဒါက ထိပ်တန်းအောင်မြင်မှုကို ရချင်တဲ့ဘယ်သူဖြစ်ဖြင့် သက်ဆိုင်ပါတယ်။ သဘာဝက ပြဋ္ဌာန်းတဲ့ ဆူးရှိတဲ့လမ်းကို နင်းလျှောက်ဖို့ သူ့ကို မဖြစ်မနေ လုပ်ရပါတယ်။ အကြောင်းက ဒီသတ်မှတ်ချက်အနေအထားကို ဖြည့်စွမ်းခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ အလိုဆန္ဒရှိတဲ့ပန်းတိုင်ကို မရောက်ရှိနိုင်လို့ပါ။
သူ့ရဲ့ပါးစပ်မှာရွှေဇွန်းတပ်မွေးဖွားလာတဲ့သူဟာ ပျမ်းမျှလူတစ်ယောက်လို သူ့ရဲ့ဘ၀ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကံစီမံရာ ဖြစ်သလို- ရွှေဇွန်းတပ် မွေးဖွားလာတာမဟုတ်တဲ့သူအတွက်တော့ ကြီးမားတဲ့အောင်မြင်မှုများကို ရရှိဖို့ ကြိုးစားကြရမှာ-ဆိုတာ ဒါက ဘ၀ရဲ့ဖြစ်ရပ်မှန်ပဲ ဖြစ်ပါတယ်။
အစပထမမှာ စိတ်ဓာတ်ကျခြင်းဟာ ကံခေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်စသတ်တော့ အဆုံးမှာ စိတ်ဓာတ်ကျခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ခုပါလား ဆိုတာပါ။ တကယ်တော့ စိတ်ဓာတ်ကျခြင်းဟာ ဘ၀ရဲ့ခေတ္တအခိုက် အတံ့ဖြစ်တဲ့ ချိန်ကိုက်ဖြစ်မှုတစ်ခုသာ ဖြစ်ပါတယ်။ အမြဲတမ်းနိစ္စဓူဝဖြစ်တဲ့ လမ်းကြောင်းတော့ မဟုတ်ပါ။
စိတ်ဓာတ်ကျခြင်းဟာ ငြီးငွေ့ဖွယ် ခရီးတစ်ခုနဲ့ အလားတူကဲ့သို့ ဖြစ်ပါတယ်။ ဒီခရီးအတွင်း သင်ဟာ အားအင်ကုန်ခန်း မောပန်းနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ကုန်စရာ အခြေအနေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ ခရီးပန်းတိုင်ကို ရောက်ရှိတဲ့အခါ ကြည်နူးသာယာဖွယ်နှင့် ကျေနပ်အားရမှုအပေါင်းကို တွေ့ကြုံခံစားရပါတော့တယ်။
Friday, January 8, 2016
Popular Posts
-
ရည်မှန်းချက်မရှိဘဲ အလုပ်လုပ်ခြင်းသည် လှေကို ပဲ့မထိန်းဘဲ လှော်ခတ်နေခြင်းနှင့် တူသည်။ ရောက်ချင်ရာ ရောက်နေပေမည်။ ရည်မှန်းချက်တစ်ခုကို ခိ...
-
-ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်...
-
Good day to you, This Global Air Automation Sdn Bhd (1027698-K) we would like to make a product/service enquiry. Let us know if we can sen...
-
မိန်းကလေးတွေဟာ အပြစ်ကင်းပြီး ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင်နေရင် သူတို့အကြောင်းကို အတွင်းကျကျမသိသေးလို့ ဖြစ်ပါလိမ့်မယ်။ မိန်းကလေးတွေ အချင်းချင်း...
-
သန်းကြွယ်သူဌေးဆို၍ ဘယ်လို လူစားမျိုးပါလိမ့်ဟူ၍ တအံ့တဩမတွေး ထင်လိုက်ကြပါနှင့်။ သန်းကြွယ်သူဌေးများ သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သာမန...
-
နောင်တ ရှိုက်သံ (စ/ဆုံး) တည်ငြိမ်အေးချမ်းသော အသွင်အပြင် အပြည့်ဖြင့် ဘုရားစင်ရှေ့တွင် တရားထိုင်နေ သော နေလကိုကြည့်ရင်း ကြာဖြူပြုံးမိသည...
-
ဖတ်ကြည့်ပါ....... တန်းဖိုးရှိပါတယ် ဗဟုသုတလဲရတယ်...... အမေရိကန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ... ဘာလို့အရာရာ top ဖြစ်နေရလဲဆိုတာ ဒီ..မူကြို ဆရာမလေး...
Recent Posts
Powered by PDF Calendar
Unordered List
Text Widget
Pages
Powered by Blogger.
0 comments:
Post a Comment