နောင်တ ရှိုက်သံ (စ/ဆုံး)
တည်ငြိမ်အေးချမ်းသော အသွင်အပြင်
အပြည့်ဖြင့် ဘုရားစင်ရှေ့တွင် တရားထိုင်နေ
သော နေလကိုကြည့်ရင်း ကြာဖြူပြုံးမိသည်။
လေးစားမြတ်နိုးစိတ်နှင့်အတူ နှလုံးသားမှ မွတ်
သိပ်စွာရှိနေခဲ့သောချစ်ခြင်းတို့သည် အိမ်ထောင်
သက် ၆ လကြာပြီဖြစ်သော်လည်း တစ်ရွေးသား
မှမလျော့ အချစ်ပိုနေဆဲပါ။
ကြည်နူးလာမိသဖြင့်ဘုရားရုပ်ပွားတော်
ကိုလက်အုပ်ချီကာဖူးမိရင်း ခင်ပွန်းဖြစ်သူနေလ
ကိုလည်း လက်အုပ်ချီကာ အရိုအသေပေးမိ၏။
ကျောခိုင်းပြီး မျက်လွှာချထားသောနေလ သူမ
ကိုမမြင်နိုင်ပါ။
ရုတ်တရက် ကြာဖြူတစ်စုံတစ်ခုကို တွေး
မိလိုက်သဖြင့် သူမ၏ခန္ဓာကိုယ်လေး ဆက်ကနဲ
တုန်ခါသွားသည်အထိ ထိတ်လန့်သွားမိသည်။
ရုတ်တရက် ဝဲတက်လာသောမျက်ရည်များကို
မျက်တောင်ဖြင့် ပုတ်ခတ်ဖယ်ရှားလိုက်မိသည်။
ဗုဒ္ဓရုပ်ပွားတော်ကိုလည်းကောင်း၊ နေလ
ကိုလည်းကောင်း သူမ ရင်မဆိုင်ရဲတော့ပါ။အ
တိတ်ကာလ၏ တစ်စုံတစ်ခုသောအဖြစ်အပျက်
က သူမအား ခြောက်ခြားသွားစေ၏။
ဝရံတာဘက်သို့ ပြေးထွက်ခဲ့မိသည်။တစ်
ကိုယ်တော် အတွေးသမားမလေးအဖြစ်နှင့် ကျိတ်၍ ငိုကြွေးခဲ့ရပေါင်းများလှပြီဖြစ်၏။ အ
ကြိမ်ပေါင်းပင် မရည်နိုင်တော့ပါ။
"ကိုကို...ဖြူ့ကိုခွင့်လွတ်နိုင်ပါ့မလား...
ဖြူ...အောက်တန်းကျမိတယ်...အဖြစ်မှန်ကိုသိ
သွားရင် ဖြူ့ကို ကိုကိုရွံသွားမှာ....ဖြူအရမ်း
ကြောက်တယ်ကိုကိုရယ်...."
"ဖြူ.....ဝရံတာမှာအေးတယ်လေ...
အနွေးထည်လည်းဝတ်မထားဘူး..."
စကားသံနှင့်အတူရောက်လာသော နေလ
မမြင်စေရန် သူမမျက်ရည်စတို့ကို လက်ဖမိုးဖြင့်
အမြန်သုတ်ပစ်လိုက်၏။ နေလသူမအားပြုံး၍
ကြည့်နေ၏။
"ဖြူ...အခုတလော ပိန်လာသလိုပဲ...မျက်
နှာလေးလည်းကျသွားတယ်...နေကောင်းရဲ့
လားဖြူ..."
နေလ သူမ၏နှဖူးလေးကို စမ်းရင်းပြော
၏။ကြာဖြူကြည်နူးစွာ မျက်လွှာလေးချထား
မိပါသည်။ ကြည်နူးမှုနှင့်အတူ အားနာမှု စိုးရွံ့မှု
တို့ကိုခံစားလာရပြန်၏။
🕛🕧🕐
"ဖြူ!....မင်း...မင်းကွာ..."
"ကိုကို့ကို ဖြူချစ်လွန်းလို့ လုပ်ခဲ့မိတာ
ပါ ကိုကိုရယ်...ဖြူ့ကို ခွင့်လွတ်ပေးပါနော်..."
သူမအား ဒေါသတကြီး လက်ညိုးထိုး
နေသော နေလအား ကြာဖြူရှိခိုးမတက်တောင်း
ပန်နေပါ၏။
"သွားစမ်းပါကွာ...ဘာချစ်တာလဲ...မင်း
မှာ ဒီလောက် ယုတ်မာတဲ့ စိတ်ထားမျိုးရှိတာ...
မင်းလို မိန်းမမျိုးရဲ့ရင်ထဲမှာ အချစ်ဆိုတာမရှိ
နိုင်ဘူး... အောက်တန်းကျတဲ့မိန်းမ...
မင်းနဲ့တန်တာ ဒါပဲ..."
ဖြောင်း!....
"အား!..."
သူမ၏ဘယ်ဘက်ပါးပြင်ကို နေလ
ရိုက်ချလိုက်၏။ အရေပြားနာကျင်မှုထက် နှလုံး
သားက စူးရှစွာနာကျင်သွားမိသည်။
"အား!...."
သူမ အိပ်မက်မှ လန့်၍နိုးလာခဲ့သည်။တစ်
ကိုယ်လုံး ချွေးစေးတို့ စို့နင့်နေပါ၏။နံဘေး၌
အိပ်နေသော နေလလည်းနိုးသွားခဲ့သည်။
"ဖြူ....ဘာဖြစ်..ဩ....အိပ်မက်ဆိုးမက်
ပြန်ပြီထင်တယ်....နေဦး...ကိုယ်ရေခပ်ပေးမယ်
နော်..."
စားပွဲလေးပေါ်တွင် အသင့်ရှိနေသော ရေဗူးလေးအတွင်းမှရေကို ဖန်ခွက်ထဲငှဲ့ထည့်
ပြီး ဖန်ခွက်ကိုကြာဖြူ့လက်ထဲ နေလထည့်ပေး
လိုက်၏။
သူမ ရေကိုမော့သောက်လိုက်ပြီး နေလကို
ညိုးငယ်စွာ စိုက်ကြည့်နေရင်း...
"ကိုကို...ဖြူ့အိပ်မက်ထဲမှာလေ ကိုကိုက
ဖြူ့ကို မုန်းသွားပြီလို့ အိပ်မက်မက်လို့..."
နေလက ကြာဖြူ၏အေးစက်နေသော
ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်ရင်း...
"အိပ်မက်ပဲဟာကို ဖြူရယ်...အပြင်မှာ
ကိုယ်က ဖြူ့ကိုအမြဲတမ်းချစ်နေမှာ...ဘယ်
တော့မှ မထားခဲ့ဘူး...နော်..."
ကြာဖြူ နေလကို ပြန်၍တင်းကြပ်စွာဖတ်
ထားလိုက်၏။ နောင်တ၊အားနာစိတ်၊စိုးရွံ့မှုတို့
နှိပ်စက်ပေါင်းများလှပြီဖြစ်၍ စိတ်ထောင်းကိုယ်
ကြေလာသော သူမ၏ခန္ဓာကိုယ်လေးမှာ အား
နည်းဖျော့တော့နေပြီဖြစ်၏။
ကြာဖြူ နေလနှင့် ညားကတည်းက အိပ်
မက်ဆိုးများ မကြာခဏမက်တက်၏။ယခုရက်
ပိုင်း အိပ်မက်ဆိုးများကပို၍ပင်စိပ်လာ၏။
နေလက သူမ၏အနည်းငယ်ဖောင်းနေပြီ
ဖြစ်သော ဝမ်းပြင်သားလေးကို ငုံ့၍နမ်းလိုက်
၏။၎လအရွယ် ရင်သွေးလေးကသူမ၏ဝမ်းပြင်
လေးထဲတွင် ကွေးကွေးလေးနေရာယူနေပြီဖြစ်
၏။
နေလ၏ အနမ်းနွေးနွေးလေးကြောင့်
ဝမ်းပြင်လေးမှတဆင့် ကြာဖြူ့နှလုံးသားအထိ
နူးညံ့စွာ ကူးစက်လာသောကြည်နူးသာယာမှု
လေးကြောင့် ကြာဖြူပြုံးလိုက်မိပါ၏။
ခဏချင်းမှာပင် ကြာဖြူမျက်ရည်ဝဲလာ
မိပြန်၏။ ကြာဖြူဝမ်းနည်းစွာတွေးလိုက်မိ၏။
"ကိုကို့ရဲ့မေတ္တာတွေက အစစ်အမှန်တွေ
မဟုတ်ဘူး....ဖြူအောက်တန်းကျကျ တမင်
လုပ်ယူထားမိတဲ့ မေတ္တာအတုတွေ...
ဖြူ ကိုကို့ကို အားနာလိုက်တာ...ဖြူ့
ကို ခွင့်လွတ်ပါတော့ ကိုကိုရယ်..."
🕛🕧🕐
(လွန်ခဲ့သော ၁နှစ်ခန့်က)
ကြာဖြူ သူမ၏အကို ကျော်စွာသင်ပေး
ထားသည့် အတိုင်း ထုံးစပ်နည်းကိုသေချာပြု
လုပ်သဖြင့် သူမ၏ကွမ်းယာကို လူကြိုက်များ
လှ၏။
အသားအရည်ဖြူဝင်းပြီး အချိုးကျသော ခန္ဓာကိုယ်ပုံစံနှင့် ပြေပြစ်ပြီး ချစ်စဖွယ်ကောင်း
သောမျက်နှာလေးကြောင့် ကြာဖြူ့အားကာလ
သား ကြီးငယ်မရွေးသဘောကျကြ၏။ပိုးပန်း
ကြ၏။သို့သော်လည်းကြာဖြူအားလုံးကိုခေါင်း
ခါခဲ့သည်။ အသက်၂၀ကျော်ပြီဖြစ်သော်လည်း
အချစ်ရေးကို စိတ်မဝင်စားဘဲ ငွေရှာရန်သာ အာရုံရောက်နေသောကြောင့်ဖြစ်၏။
ကွမ်းယာကောင်းသည်ကတစ်ကြောင်း သူမအားပိုးပမ်းပြီးဝယ်စားကြသူပေါများသည်ကတစ်ကြောင်းကြောင့်ကြာဖြူ့ကွမ်းယာဆိုင်
လေး ဝင်ငွေမဆိုးလှပါ။တစ်ရက်တစ်သောင်း
ဝန်းကျင်တော့ ရတက်စမြဲဖြစ်၏။
ကွမ်းယာ လာဝယ်စားသူများထဲတွင် ကြာ
ဖြူ့၏ နှလုံးသားကို လှုပ်နှိုးနိုင်သူတစ်ယောက်
ရှိလာခဲ့သည်။ ကြာဖြူထိုသူ့အားတိတ်တခိုးချစ်
မိသွားပြီး သူကွမ်းယာလာဝယ်လျှင် ကြာဖြူ
ခိုးခိုး ကြည့်တက်၏။သူမ၏ဆိုင် အရှေ့ဘက် ရပ်ကွက်အတွင်းရှိ နေလ ဆိုသူဖြစ်၏။
နေလမှာ သူမထက် အသက်အနည်းငယ်
သာကြီးပြီး ကြာဖြူ့ထက် အဆပေါင်းများစွာ
ချမ်းသာကြွယ်ဝသူဖြစ်သည်။
ဘာသာရေး အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး
အလှူအတန်းလည်း အလွန်ရက်ရောသူဖြစ်၏။
တည်ငြိမ်အေးဆေးသော နေလ ပုံစံကိုကြာဖြူ
သဘောကျမိခြင်းဖြစ်သည်။
မြင်ပါများလာတော့ အကြည့်ချင်းဆုံ
ပြီး ပြုံးပြ ခေါင်းညိမ့်ပြရုံမှအပ နေလသူမအား
စကားသိပ်ပြောလေ့မရှိပါ။ ကြာဖြူကသာနေလ
ကို တစ်ရက်ထက်တစ်ရက် ပိုမိုစွဲလန်းလာမိပြီး
တစ်ဖက်သတ် ချစ်လာမိသည်။
သို့သော်လည်း ဘဝအခြေအနေက မတူ
သည့်အပြင် မိန်းမသားဖြစ်နေသည့်အတွက်
နေလအားသူမစိတ်ဝင်စားသည့်အရိပ်အယောင်
လေး ပြရုံမှလွဲ၍ အခြားဘာမှမတက်နိုင်ခဲ့ပါ။
နေလ ကွမ်းလာဝယ်ပြီးပြန်သွားလျှင်
နေလကျောပြင်ကို သူမအကြာကြီး စိုက်ကြည့်
နေမိတက်၏။
ကြာဖြူ့ကွမ်းယာဆိုင် နံဘေးတွင် အ
ကြော်ရာင်းသော ဒေါ်တိုးက ကြာဖြူ့ထံအလုပ်
ပါးလျှင် အလာပ သလာပ စကားလာပြောတက်
သူဖြစ်၏။ ကြာဖြူအိမ်ခဏပြန်လျှင် ဒေါ်တိုးက
ကြာဖြူ့ကွမ်းယာဆိုင်လူလာဝယ်လျှင် ခဏဝင်
ရောင်းပေးလေ့ရှိ၏။ သူမကိုလည်း ကြာဖြူက
ကွမ်းယာ ယာနည်းသင်ပေးထားခြင်းဖြစ်၏။
ဒေါ်တိုးမှာ စကားအလွန်များပြီး ကြာဖြူ့
ကို လည်းအကြံဉာဏ်များ အမြဲလိုလိုပေးတက်
သူဖြစ်၏။ယခုလည်း နေလကျောပြင်ကို စိုက်
ကြည့်နေသော ကြာဖြူ့ထံ အပျင်းပြေစကား
ပြောရန် ရောက်လာပြန်ရင်း ကြာဖြူ့နံဘေး
တွင်ဝင်ထိုင်လိုက်သည်။
"ဖြူမရေ.....မျက်လုံးလည်း ကျွတ်ပါသွား
ပါဦးမယ်အေ...."
ကြာဖြူ ရှက်ရှက်နှင့်ရယ်၏။
"ခစ်...ခစ်...ဒေါ်တိုးကလည်း..."
"နင်...နေလကို ကြိုက်နေတာမို့လား...
မှန်မှန်ပြောစမ်း..."
"အာ...ဒေါ်တိုးနော်..."
"အမလေး...လုပ်မနေစမ်းပါနဲ့အေ...ငါ
လည်း ငယ်ရာက ကြီးလာတာပါ..."
ကြာဖြူသက်ပြင်းချလိုက်ရင်း...
"ဟူး....မဖြစ်နိုင်ပါဘူး ဒေါ်တိုးရယ်...
ကိုနေလက အသိုင်းအဝိုင်းကြီးတယ်...ဖြူ့လို
ကွမ်းယာသယ်မလေးကို သူစိတ်ကူးထဲတောင်
ထည့်မှာ မဟုတ်ပါဘူးလေ..."
"ဒီမယ် ဖြူမ....လောကကြီးမှာ မဖြစ်နိုင်
ဘူးဆိုတာ မရှိပါဘူးအေ...သူရုပ်ချောသလို
နင်လည်းချောတာပါပဲ...သူပညာတက်သလို
နင်လည်း ဘွဲ့ရပြီးသားပါ...နင့်ထက်သာတာ
ဆိုလို့ သူကနင့်ထက်ချမ်းသာတာပဲရှိတယ်...
နင်တို့ နှစ်ယောက်က ဘာဖြစ်လို့မနီးစပ်နိုင်ရ
မှာလဲ...."
ကြာဖြူ ခပ်နွမ်းနွမ်းလေးပြုံးရင်း...
"အားပေးစကားပြောတာတော့ ကျေးဇူး
တင်ပါတယ်ဒေါ်တိုးရယ်...ဒါပေမယ့်..."
"ဒါပေမယ့်တွေဘာတွေ လုပ်မနေစမ်းပါနဲ့
ဒီကောင်နင့်ကို ကျိန်းသေ...တမ်းတမ်းစွဲဖြစ်
သွားအောင် လုပ်လို့ရတဲ့နည်းရှိတယ်...ငါအာမ
ခံတယ်...
ဘယ်လိုလဲ...လုပ်မလား..."
ကြာဖြူ့ မျက်လုံးလေးဝိုင်းသွားပြီး...
"ဘာ...ဘာလဲဟင်ဒေါ်တိုး..."
"အင်း...အောက်လမ်းပညာတော့ ဆန်
မယ်ထင်တယ်...ငါ့သူငယ်ချင်းတစ်ယောက်
လည်း အဲ့ဒီ့နည်းသုံးလိုက်တာ သူ့ကိုပြန်မကြိုက်
နိုင်ဘူးလို့ ထင်ထားတဲ့သူဌေးသား တစ်ခါတည်း
တန်းတန်းစွဲဖြစ်ပြီး လက်ထပ်ပါရစေဆိုပြီး ပြော
တော့တာပဲတဲ့..."
"ဖြူတောင် စိတ်ဝင်စားလာပြီ...ဘယ်လို
လုပ်ရတာလဲဟင် ဒေါ်တိုး..."
"အေး....လွယ်ပါတယ်...ဒီလို..."
ဒေါ်တိုးက ကြာဖြူ့နား နားသို့ကပ်ကာ
ခပ်တိုးတိုးပြောလိုက်၏။
" ----------------- "
ကြာဖြူ့မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်
သွားတော့၏။
"ဟင်........"
🕛🕧🕜
ကြာဖြူ သူမအိမ်၌ပြုလုပ်လာခဲ့သော
ကွမ်းယာထုတ်ကို ဆိုင်သို့ယူလာခဲ့၏။ နေလ
စားနေကျအတိုင်း သုံးရာဖိုးကို ပလက်စတစ်
အိပ်ဖြင့် အသင့်ထုတ်ထားခြင်းဖြစ်၏။
သူမ ပြုလုပ်ခဲ့သော ကွမ်းထုတ်ကို သူမ
ကြည့်ရင်း စိတ်မကောင်းဖြစ်မိသလိုလို နေလကို
အားနာမိသလိုလိုခံစားလာရ၏။
သို့သော်လည်း နေလကို ပိုင်ဆိုင်လိုစိတ်
သာပြင်းပြနေသည်မို့ ကွမ်းယာထုတ်ကို ဒေါ်တိုး
ကို ပေးခဲ့ကာ အိမ်သို့ခဏပြန်၍အိမ်အလုပ်များ
လုပ်နေမိသည်။ နေလနှင့် ရင်မဆိုင်လိုသဖြင့်
ဒေါ်တိုးကိုသာ ကွမ်းယာထုတ်ပေးခဲ့ပြီး အိမ်ပြန်
လာမိခြင်းဖြစ်သည်။ မဟုတ်တာ လုပ်ထားသည့်
အတွက် နေလကို သူမမျက်နှာချင်းဆိုင်၍ ကွမ်း
ယာ မရောင်းရဲသောကြောင့်ဖြစ်သည်။ဆင်ဖြူ့
မျက်နှာ ဆင်မည်းမကြည့်ဝံ့သည်မှာ အဆန်း
တော့လည်း မဟုတ်ပါ။
ကြာဖြူအိမ်ပြန်ရောက်သည်နှင့် အိမ်အ
လုပ်များလုပ်နေရင်း ရုပ်မြင်သံကြားမှ တရား
တော်တစ်ခုလာနေသဖြင့် သူမအမှတ်မထင်
ကြည့်နေမိသည်။
"အင်း...ဒကာ ဒကာမတို့....လောကကြီး
မှာ ကိုယ်နဲ့ မထိုက်တန်တဲ့အရာကို မတရားတဲ့
နည်းနဲ့ ရအောင်ယူရင် ရတယ်ပဲထားဦး ပျော်
ရွှင်ရမှာ မဟုတ်ပါဘူး....စွဲလန်းမှုမရှိနဲ့လို့မပြော
လိုပါဘူး...ပုထုဇဉ်တွေဆိုတော့လေ...ဒါပေမယ့်
တက်နိုင်သလောက်တော့လျှော့ပေါ့...မရနိုင်တာ
ကို ရချင်ရင် သောကတွေနဲ့ မအေးချမ်းဘူးပေါ့..
ပစ်မှားတယ်ဆိုတဲ့ ကိစ္စကိုဆက်ပြောမယ်..
လူဆိုးကို ပစ်မှားမှား၊ လူကောင်းကိုပစ်မှားမှား၊
ရဟန်းကိုပဲ ပစ်မှားမှား၊ ရဟန္တာကိုပဲပစ်မှားမှား
ဘယ်ပုဂ္ဂိုလ်ကိုပဲ ပစ်မှားပစ်မှား အပြစ်ဖြစ်မှာ
ပါပဲ....ဒါပေမယ့်...ဥပမာ...လူတစ်ယောက်က
ရဟန်းတစ်ပါးကို သတ်မိတယ်ဆိုပါစို့....အဲ့ဒီ့
ရဟန်းက ရဟန္တာဖြစ်နေမယ်ဆိုရင် သူ့ရဲ့အပြစ်
ကြီးလာမလား သေးသွားမလား...."
"ကြီးလာမှာပါဘုရား..."
"အေး...မှန်တယ်...သူ့အသတ် သတ်တာ
ချင်းအတူတူတောင် သီလ၊သမာဓိ ရှိသူကိုသတ်
ရင် ပိုပြီးအပြစ်ကြီးတယ်...
အဲ့သဘောပဲ...လူတစ်ယောက်ကို တစ်ခု
ခုကြောင့် အပြစ်လုပ်မိတယ် ဆိုပါစို့ အဲ့ဒီ့ကိုယ်
ပြစ်မှားမိတဲ့သူက သီလ၊သမာဓိ မြင့်ရင်မြင့်
သလောက် အပြစ်ပိုကြီးမယ်...သဘောပေါက်
ကြလား..."
"ဟင်..."
ကြာဖြူ တရားတော်ကို ဆက်မကြည့်
နိုင်တော့ပါ။ သူမ ကွမ်းယာဆိုင်သို့အပြေးတ
ပိုင်း ပြန်သွားနေမိသည်။ သူမ ဒေါ်တိုးအား သူမ
ထားခဲ့သော ကွမ်းထုတ်ကို နေလကိုမရောင်း
စေချင်တော့ပါ။ အောက်တန်းကျသော နည်း
လမ်းဖြင့် နေလ၏အချစ်ကို မယူတော့ရန်ဆုံး
ဖြတ်လိုက်ပြီး သူမ၏ကွမ်းယာဆိုင်လေးသို့
အပြေးတပိုင်း ရောက်လာခဲ့၏။
ဆိုင်ရောက်ရောက်ခြင်းဒေါ်တိုးကို အော်
ခေါ်လိုက်၏။
"ဒေါ်တိုး...ဒေါ်တိုးရေ...."
"ဘာတုန်း ဖြူမရဲ့...ဖြည်းဖြည်းခေါ်ပါဟဲ့..
လန့်တာ..."
"ဟို...ဟိုကွမ်းထုတ်ကို ပြန်ပေးတော့
ဖြူ စိတ်ပြောင်းသွားပြီ..."
"ဩော်...ခုနကလေးတင် နေလလာဝယ်
လို့ရောင်းလိုက်ပြီလေ...."
"ဘာ!!...."
🕛🕧🕐
ထိုကွမ်းထုတ်ကို ရောင်းလိုက်ပြီး ၁ပတ်
ခန့်အကြာမှာပင် နေလ သူမအားချစ်ရေးဆိုလာ
ခဲ့၏။
ကြာဖြူ ပြောမပြတက်အောင် ဝမ်းသာ
ခဲ့ရပြီး မကြာမှီ၌ပင် အဖြေပြန်ပေးခဲ့သည်။
လအနည်းငယ် အကြာတွင် လက်ထပ်
ဖြစ်ခဲ့ကြ၏။
သို့သော်လည်း ကြာဖြူ ကြာကြာမပျော်
နိုင်ခဲ့ပါ။ အိပ်မက်ဆိုးများမက်ပြီး မကြာခဏ
လန့်၍နိုးတက်၏။ နောင်တကြောင့် ညစ်နွမ်းနေ
ရသောစိတ်တို့က အချိန်ကြာမြင့်လာသည့်တိုင်
အိပ်မက်ဆိုးများကြောင့် ပို၍ဆိုးရွားလာခဲ့၏။
🕛🕧🕐
မြို့ဦးစေတီသို့မရောက်တာ ကြာပြီဖြစ်၍
နေလ၏မိဘများအိမ်မှအပြန် နေလနှင့် ကြာဖြူ
ဝင်၍ ဖူးကြ၏။ taxi နှင့်ပင် ပြန်ခဲ့ကြခြင်းဖြစ်
ပြီး ဘုရားအရောက်တွင် ဘုရားသို့ ခဏဝင်ရန်
နေလက စိတ်ကူးပေါ်သဖြင့် ဝင်ခဲ့ကြခြင်းဖြစ်
၏။
ည၈နာရီအချိန်ဖြစ်နေပြီမို့ စေတီရင်ပြင်
တွင် လူမရှိသလောက်ရှင်းနေပြီး ဝါကျင့်ကျင့် ဟေလိုဂျင်မီးရောင်များကြောင့်ဘုရားရင်ပြင်
တွင် အတော်အသင့်လင်းနေသော်လည်းအခြား
နေရာများတွင်တော့ အမှောင်ရိပ်များကနေရာ
ယူထားပြီဖြစ်၏။
ဘာသာရေးကိုင်းရှိုင်းသော ခင်ပွန်း
ဖြစ်သူ ဘုရားဝတ်ပြုနေသည်ကိုကြည့်ရင်း
ကြာဖြူပြုံးလိုက်မိသည်။ သူမ၏နှလုံးသားမှ
နင့်နေအောင် ချစ်ရသော ခင်ပွန်းအားဘဝအ
ဆက်ဆက်ပင် ကြာဖြူပါရမီဖြည့်ပေးချင်မိ၏။
နေလက စနေထောင့်တွင် ဘုရားရှိခိုးနေစဉ်
ကြာဖြူ ရင်ပြင်ကို တစ်ပတ်ပတ်ကြည့်မိသည်။
နေလဘုရား ရှိခိုးလျှင်ကြာတက်သည်မဟုတ်ပါ
လား...
လက်ဆတ်အေးမြသော လေကိုရှုရှိုက်ရင်း
ကြာဖြူ့စိတ်တို့ လန်းဆန်းလာ၏။ သောကတို့
ကို ဒတင်္ဂမျှမေ့သွားပြီး ဘုရားရိပ်တရားရိပ်၏
အေးမြမှုကို ကြာဖြူခံစားနေရ၏။
နေလ အနည်းဆုံးနာရီဝက်ခန့်ကြာဦးမည်
ကိုသူမ သိနေသဖြင့် တနင်္လာထောင့်သို့သွားကာ
ဘုရားရှိခိုးပြီး စိတ်ပို၍အေးချမ်းစေရန်တရား
ထိုင်ရန်စိတ်ကူးမိ၏။
ကြာဖြူ တပလ္လင်ခွေကာထိုင်လိုက်ရင်း
နှာသီးဖျားလေးမှ ဝင်လေထွက်လေကို ရှုမှတ်
ကာ အေးချမ်းသောခံစားမှုကြောင့် စိတ်ကြည်
လင်လာမိသည်။
၁၅မိနစ်ခန့်လောက်အကြာတွင် ညစ်နွမ်း
သော အတိတ်မှဖြစ်ရပ်တစ်ခုကို သတိရမိပြန်သ
ဖြင့် စိတ်တို့ ညစ်ညူးသွားရပြန်၏။သူမထိုအ
တွေးကိုမေ့ဖျောက်ရန် အစွမ်းကုန်ကြိုးစားနေ
ခိုက်တွင်....
ဒုန်း...ဒုန်း...ဒုန်း...
ပြင်းထန်လေးလံလှသော ခြေသံကြီးကို
သူမ ကြားလိုက်ရ၏။ ကျောက်ပြားကြမ်းခင်း
ပင် အနည်းငယ်တုန်ခါနေသယောင်ရှိ၍ ကြာဖြူ
မျက်လုံးဖွင့်ကြည့်လိုက်မိသည်။
"ဟင်...."
သူမမြင်လိုက်ရသည်ကား ဧရာမဓား
ကြီးကို ထမ်းထားပြီး သူမအားငုံ့ကြည့်နေသော
လူနီကြီးတစ်ယောက်ကိုတွေ့လိုက်ရ၏။ လူနီ
ကြီး၏အရပ်မှာ ၁၀ပေခန့်လောက်ရှိပြီး ကြည့်
မိသည်နှင့် ကြောက်စရာအသွင်ရှိ၏။
အပေါ်ပိုင်းဗလာ ကိုယ်လုံးတီးဖြစ်ပြီး
ပုဆိုးကို ခါးထောင်းကျိုက်ထားခြင်းဖြစ်၏။
ကြာဖြူ လူနီကြီးကို တွေ့တော့ကြက်သီး
တဖြန်းဖြန်း ထသွားမိသည်။သူမတစ်သက်တွင်
တစ်ကြိမ်တစ်ခါမှမဖြစ်ဖူးသေးသည့်အကြောက်
တရားမျိုးနှင့် အသည်းထဲအထိစိမ့်နေအောင်
ကြောက်သွားမိသည်။လူနီကြီးကကြာဖြူ့ကို စိုက်ကြည့်ရင်း အသံဩဩကြီးဖြင့်ပြော၏။
"သူတော်ကောင်းရဲ့မေတ္တာကိုအယုတ်တမာ
နည်းနဲ့ယူတဲ့ အမိုက်မ...နင့်ကို အပါယ်ဘုံတွေ
ကစောင့်နေတယ်...သေဖို့သာပြင်ပေတော့..."
လူနီကြီးက စကားဆုံးသည်နှင့် ဧရာမဓား
ကြီးဖြင့် သူမကိုခုတ်ချလိုက်တော့သည်။
ဝှစ်....
"အား..!!!!....."
ကြာဖြူ အသံကုန်အော်၍ နောက်ဘက်
သို့ ကမန်းကတန်းဆုတ်ရင်း လူနီကြီး၏ဓား
ချက်ကိုရှောင်လိုက်ပြီး နီးစပ်ရာမုဒ် လှေကားမှ ကြောက်လန့်တကြားပြေးဆင်းမိတော့သည်။
ဟာ...အ...ဘုန်း...အား!...
ဟန်ချက်ပျက်ပြီး လဲကျသွားသော်လည်း
နာကျင်မှုကို အလေးမထားနိုင်ဘဲကမန်းကတန်း ထပြေးမိသည်။ ကားလမ်းပေါ်ရောက်သည်နှင့် အရှိန်ပြင်းပြင်းမောင်းနှင်လာသော ကားတစ်စီး
နှင့် တည့်တည့်တိုးမိတော့သည်။
ကျွီ....ဒုန်း....
"အား!!!...."
🕛🕧🕐
နေလ တရားထိုင်နေရာမှဇနီးဖြစ်သူကြာဖြူ
၏စူးရှရှအော်သံလေးကြောင့် ရုတ်တရက်ထိတ်
လန့်သွားမိပြီး မျက်လုံးပွင့်လာကာ အမြန်ထရပ်
လိုက်မိသည်။
ဇနီးဖြစ်သူအတွက် နေလအလွန်စိုးရိမ်သွား
မိသည်။ သူမတွင် ကိုယ်ဝန်လေးလခန့်ရှိနေပြီ
ဖြစ်၍ အစစအရာရာဂရုစိုက်နေရချိန်ဖြစ်၍ သူမ
အော်သံကြောင့် နေလ ခေါင်းနပန်းကြီးသွားမိ
ခြင်းဖြစ်သည်။
နေလ ကြာဖြူရှိနေရာ အခြမ်းသို့ပြေး
လာခဲ့မိသည် ဘုရားရင်ပြင်၌သူမကို မတွေ့ရ
သဖြင့် ပို၍စိတ်ပူသွားမိသည်။
" ဖြူရေ....ဖြူ......ဖြူ........."
နေလ ကြာဖြူ့ကို အော်ခေါ်ရင်း ရင်ပြင်
တစ်ဝှက်တွင်ရှာဖွေမိ၏။အမှတ်တမဲ့ စေတီအ
နောက်ဘက်မုဒ်ဝဘက်သို့ အကြည့်ရောက်သွား
မိသည်။
"ဟင်....."
ကားတစ်စီးရှေ့တွင်အမျိုးသမီး တစ်
ဦးလဲကျနေသည်ကို တွေ့လိုက်ရသဖြင့် တုန်
လှုပ် ထိတ်လန့်သွားကာ ထိုကားလမ်းမ ရှိရာသို့
စေတီမုဒ်ပေါက် လှေကားမှအလောသုံးဆယ်
ပြေးဆင်းလာခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံး သွေးအလိမ်းလိမ်း
ဖြင့် ဒဏ်ရာပြင်းပုံရသောကြာဖြူ့ကို ကွန်ကရစ်
လမ်းပေါ်တွင် လဲကျလျှက်သားတွေ့လိုက်ရ၏။
"ဟာ!!....ဖြူ....."
နေလ၏နှလုံးသားကို မီးစနှင့်ထိုးလိုက်
သလို ခံစားလိုက်ရ၏။
"ဖြူ!!....ဘယ်လိုဖြစ်ရတာလဲကွာ......
ဘယ်လိုလုပ် လမ်းပေါ်ဆင်းလာရတာလဲကွ..
အားတင်းထား...ကိုယ်ဆေးရုံပို့ပေးမယ်..."
ကားသမားကလည်း ပြာပြာသလဲပြော
၏။
"ကျွန်တော် မောင်းနေတုန်း ဒီအမလေးက
ကားရှေ့ အတင်းပြေးဝင်လာတာဗျ...ဘရိတ်
အုပ်တာ အချိန်မမှီတော့ဘူး....တောင်းပန်ပါ
တယ်ဗျာ...ဆေးရုံသွားကြရအောင် ကားပေါ်
တက်ပါဗျ....."
ကြာဖြူ တုန်ယင်အေးစင်နေသော လက်
ကလေးဖြင့် နေလ၏လက်ကို ပြန်လည်ဆုတ်
ကိုင်ရင်း...မပီသသော စကားသံလေးဖြင့်...
"ကိုကို့ကို ဖြူ...ဝန်ချတောင်း...တောင်း
ပန်စရာ...ရှိ...ရှိတယ်...အား......."
နေလခေါင်းကို ခါရမ်းလိုက်ရင်း.....
"နောက်မှ ပြောပါဖြူရယ်...ဖြူအားကုန်
လိမ့်မယ်...ဆေးရုံသွားကြရအောင်..."
နေလ ကြာဖြူ့ကို ပွေ့ချီကာ ကားပေါ်
တက်လိုက်၏။ကားသမားလည်း ဆေးရုံရှိရာ
သို့ အမြန်မောင်းတော့၏။
ကြာဖြူက အသက်ကို ခက်ခက်ခဲခဲရှုရင်း..
"ကိုကို....ကိုကို...."
"ဖြူ...ကိုယ်ရှိပါတယ်...စကားမပြော
နဲ့...မောလိမ့်မယ်..."
"ဖြူကိုယ့် အခြေအနေ ကိုယ်သိပါ
တယ်ကိုကို...အား....အ...စကားပြောပါရစေ
နော်....
ဖြူလေ...ကိုကို့ကို ပိုင်ဆိုင်ချင်တဲ့
စိတ်တစ်ခုတည်းနဲ့ အမှားလုပ်...လုပ်ခဲ့မိတယ်...
အဲ့ဒီ့အမှားကြောင့် ဖြူကိုကို့မေတ္တာကို ရခဲ့ပေမယ့်...အပြည့်အဝ မပျော်ခဲ့ရပါဘူး...
အခုဖြူ အရမ်းမက်မောတဲ့ ရင်သွေး
လေးရယ် ကိုကိုရယ် ဖြူရယ် ပျော်စရာကောင်း
တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရခါနီးတော့မှ ဖြူ့ရဲ့အကုသိုလ်ကံက ဖြူ့ကို ဒဏ်ခတ်ပြီ....
ဖြူသေရတော့မယ် ထင်တယ်...
ဖြူ...ဘာမှမမြင်ရတော့ဘူး ကိုကို...
အ!..အသက်ရှုလို့လည်းမရတော့ဘူး...ကိုကို..
ဖြူ့...ဖြူ့ကို ကယ်ပါဦး...."
ကြာဖြူပြောနေရင်း မျက်ဝန်းမှမျက်ရည်
တို့စီးကျလာသလို နှုတ်ခမ်းမှ သွေးစေးတို့အန်
ကျလာ၏။
နေလ အထိတ်တလန့်ဖြင့် ဇနီးဖြစ်သူကို
ပွေ့ဖက်ထားလိုက်မိရင်း...
"ဖြူ...အားတင်းထားစမ်းပါကွာ...ဆေးရုံ
ရောက်တော့မှာပါ..."
ကြာဖြူ နေလ၏ရင်ခွင်ထဲမှပင် လက်အုပ်ချီ
လိုက်ရင်း...
"ကိုကို ဖြူ့ကို ခွင့်...ခွင့်လွတ်ပါနော်..."
"ဖြူက ဘာလုပ်ထားလို့ ကိုယ်ကဘာကို
ခွင့်လွတ်ရမှာလဲ..."
"တ...တကယ်တော့လေ...ဖြူ...အ!...
အာ........"
"ဖြူ!!....ဖြူ....ဖြူသတိထားစမ်း...ဖြူ!!..
ကိုယ်ခေါ်နေတယ်လေ....ဖြူ....ဟင်..."
နေလ ရုတ်တရက်မျက်တောင်မခတ်တော့
ဘဲ ငြိမ်သက်သွားသော ဇနီးဖြစ်သူ၏ညာဘက်
ရင်အုံကို စမ်းကြည့်ရင်းအထိတ်တလန့်ဖြစ်သွား
မိသည်။သူမနှလုံးမခုန်တော့ပါ။
"ဖြစ်မှ ဖြစ်ရလေဖြူရာ...ကိုယ်ဘယ်လို
ဖြေရမလဲကွာ.....ဖြူ!!!...."
🕛🕧🕐
ကြာဖြူဆုံးပြီးသည့်နောက်ပိုင်း သူမအား
နေလ အိပ်မက်ထဲတွင် မကြာခဏမြင်ရ၏။
စုတ်ပြတ်ပေရေနေပြီး ဆံပင်ဆုတ်ဖွားနှင့် အရိုး
ပေါ်အရည်တင် ပုံစံရှိကာ အနံ့အသက်မကောင်း
သော ခန္ဓာကိုယ်ရှိ၏။
သူမအမြဲလိုလို အိပ်မက်ထဲတွင် နေလ
အား လက်အုပ်ချီကာ တစ်စုံတစ်ခုပြောနေ၏။
နေလ သူမပြောသည့်စကားကို နားမလည်ပါ။
ဗလုံးဗထွေးဖြစ်နေပြီး မပီသသောအသံက
ကြောက်မက်ဖွယ်ကောင်းအောင် ဩဩကြီး
ဖြစ်နေ၏။
နေလ အလွန်စိတ်မကောင်းဖြစ်မိသည်။
သူမ ပြိတ္တာဘုံဘဝသို့ ရောက်ရှိနေခြင်းသာဖြစ်
ပါသည်။
နေလ သူမအားရည်စူး၍ ကောင်းမှုကုသိုလ်
များလုပ်ပေး၏။အလှူအတန်းများ သူမအမည်
ဖြင့် သာဓုခေါ်၍ရစေရန် လုပ်ပေး၏။ မည်မျှ
ပင် ပြုလုပ်သော်လည်း အိပ်မက်ထဲတွင် စုတ်
ပြတ် နံစော်ပြီးကြောက်စရာ အသွင်ရှိနေသော
ကြာဖြူ၏ပုံစံမှာ ထူးခြား၍မလာ ပို၍ပင် ဆိုး
လာ၏။ သူမအား အိပ်မက်ထဲတွင် သုံးရက်တစ်
ခါ လေးရက်တစ်ခါမြင်မက်၏။ တစ်ခါတစ်ရံ
လည်း တစ်ပါတ်လောက်နေမှမြင်မက်တက်၏။
ကြာဖြူ ဆုံးပါးသွားသည်မှာ သုံးလနီးပါး
ရှိလာပြီဖြစ်သော်လည်း နေလမမြင်ချင်သော
သနားစရာ ကြောက်စရာပုံစံဖြင့် အိပ်မက်ထဲ
တွင် သူမအားမြင်နေရဆဲဖြစ်၏။ထူးခြားသည်
မှာ အိပ်မက်ထဲတွင် နေလအားသူမ လက်အုပ်
ချီကာ တစ်စုံတစ်ခုကိုပြောနေဆဲသာဖြစ်သည်။
🕛🕧🕐
တစ်နေ့ ကြာဖြူ့၏ဒိုင်ယာရီစာအုပ်
ကလေးကို အခန်းအတွင်းသေတ္တာတစ်လုံးအ
တွင်းမှ နေလမမျှော်လင့်ဘဲတွေ့ရှိခဲ့ရ၏။
နေလ ထိုစာအုပ်လေးအားဖတ်ကြည့်ပြီး
မှ ဇာတ်ရည်လည်တော့၏။ ကြာဖြူသူ့အား
မသေဆုံးမှီတောင်းပန်လိုသော ကိစ္စနှင့် အိပ်မက်
ထဲတွင် ပြောလိုသော အကြောင်းအရာကို နေလ
သိလိုက်ရ၏။
သူမနောင်တရကြောင်း...နေလကိုအား
နာကြောင်း ထပ်တလဲလဲရေးထားသော စာအုပ်
ကလေးကို နေလဖတ်ကြည့်ပြီးခဲ့၏။
ကြာဖြူ နေလနှင့်မညားခင်က ကွမ်းယာ
ထဲတွင် သူမ၏ရာသီသွေးကို ထည့်ခဲ့ပြီးရောင်း
ခဲ့သည်ဟု စာအုပ်အတွင်း၌ရေးထားခဲ့သည်။
ထိုနေ့ကိုလည်း အတိအကျကြာဖြူရေးခဲ့၏။
၂၀၁၇ marchလ ၁၀ရက်နေ့ဟူ၍....
နေလ သေဆုံးပြီးဖြစ်သော ဇနီးကို စိတ်မ
နာရက်တော့ပါ။ သူမ၏အမှားအတွက် အသက်
ကိုပင် စတေးသွားခဲ့ပြီမဟုတ်ပါလား...
နေလမျက်ရည်တို့စီးကျလာရင်း တစ်
ယောက်တည်းပြောမိ၏။
"ဖြစ်မှဖြစ်ရလေ ဖြူရယ်...မင်းသိပ်ကို
မိုက်မဲလွန်းတယ်...မင်းအသက်ရှင်နေရင် ကိုယ်
အပြစ်တင်မိမှာပါ....ဒါပေမယ့်...လူ့လောကကြီးမှာမရှိတော့တဲ့မင်းကို ကိုယ်ခွင့်လွတ်ပါတယ်...
ကိုယ့်ကို အဲ့ဒီ့ကွမ်းယာရောင်းတဲ့နေ့က မတ်လ ၁၀ရက်နေ့တဲ့လား...ကိုယ်မင်းကိုချစ်နေ
ခဲ့တာ...စတွေ့ကတည်းကပါကွာ....
ဖြူဒိုင်ယာရီရေးတက်သလို ကိုယ်လည်း
ရေးတက်ပါတယ်...ကိုယ်ဖြူ့ကို စချစ်မိတဲ့နေ့
လေးက ဖေဖဝါရီလ ၅ရက်နေ့ကပါ...
သေချာတာကတော့ ကိုယ်ဖြူ့ကို ဖြူ့ရဲ့
အစီအရင်အစွမ်းကြောင့် ချစ်ခဲ့မိတာမဟုတ်ပါ
ဘူး....မေတ္တာစစ်နဲ့ ချစ်ခဲ့တယ်ဆိုတာ...ဖြူ့ကို
သိသွားစေချင်လိုက်တာကွာ...
ဒါကြောင့်မို့လို့ ဖြူကတမိုင်မိုင်တတွေ
တွေနဲ့ ဖြစ်နေခဲ့တာကိုး...ကိုယ့်ကို အားနာတဲ့
စိတ်ရော...ကိုယ့်ရဲ့မေတ္တာတွေကို အစီအရင်
ကြောင့်ဖြစ်တဲ့ အတုလို့ထင်တဲ့စိတ်ကြောင့် ဖြူ
စိတ်ဆင်းရဲနေရတာကိုး...
ဖြူ့ကို စတွေ့ကတည်းက ချစ်နေခဲ့တာ
ပါ....ဖွင့်မပြောရဲခဲ့လို့ နောက်ကျမှပြောခဲ့မိတာ ကိုယ့်အမှားပါ...
ဘာပဲ ဖြစ်ဖြစ် ကိုယ်....ဖြူ့ကို အပြစ်
မတင်ချင်တော့ပါဘူး...အရာရာ ပြီးဆုံးခဲ့ပြီပဲ...
တကယ်တော့..ဖြူက လုပ်ခဲ့မိတဲ့အကုသိုလ်
ထက် မလုပ်သင့်တာကို လုပ်ခဲ့မိတယ်ဆိုတဲ့
နောင်တ ဥပါဒါန်အစွဲက ဖြူ့ကို သေစေခဲ့တာ
ပါ....."
🕛🕧🕐
နေလ အိမ်သို့ နေ့စဉ်ဆွမ်းခံကြွသော
ကိုယ်တော်ကြီးကို နေလကြာဖြူ့အကြောင်း
ပြောပြရင်း သူမအား ပြိတ္တာဘဝမှ ကယ်တင်
နိုင်စေရန် မည်သို့ကူညီသင့်သည်ကို မေးမြန်း
မိ၏။
ကိုယ်တော်ကြီးလည်း စဉ်းစားနေဟန်
ငြိမ်သက်နေပြီးမှ...
"အင်း...ဒကာလေးရဲ့ အိပ်မက်အရဆိုရင်
ဒကာမလေးက သူ့ရဲ့အပြစ်ကိုဒကားလေးဆီက ခွင့်လွတ်ပါတယ်ဆိုတဲ့ အသိအမှတ်ပြုမှုကို လို
ချင်တာဖြစ်မယ်...
ဒကာလည်း ကြားဖူးမှာပါ..ရှင်မဟာကစ္စည်း
မထေရ်မြတ်ကိုပြစ်မှားမိတဲ့ သောရေယျသူဌေး
သားဟာ ယောက်ျားစစ်စစ်ကနေ မိန်းမဘဝကို
ချက်ချင်းပြောင်းသွားခဲ့တာလေ..."
"ကြားဖူးပါတယ် ဘုရား..."
"အေး....နောက်ဆုံးတော့ ရှင်မဟာကစ္စည်း
ကို သောရေယျကပြန်ပြီး ဝန်ချတောင်းပန်တော့
ရှင်မဟာကစ္စည်းက သောရေယျကို သင့်အား
ကိုယ်တော် သည်းခံခွင့်လွတ်ပါ၏လို့ ပြောလိုက်
တဲ့အခါမှာပဲ သောရေယျသူဌေးသားဟာမိန်းမ
ခန္ဓာကနေ မြင့်မြတ်တဲ့ယောက်ျားခန္ဓာကို ပြန်ရ
ခဲ့တယ်...ရှင်မဟာ ကစ္စည်းရဲ့ ခွင့်လွတ်မှုက
သောရေယျရဲ့ ဘဝကို ကယ်တင်ပေးလိုက်တာ
ပေါ့.....
အခုလည်း အတူတူပါပဲ...ဒကာလေးရဲ့
ခွင့်လွတ်မှုက ဒကာမလေးရဲ့နိမ့်ကျနေတဲ့ဘဝ
ကို ကယ်တင်နိုင်ပါလိမ့်မယ်....."
🕛🕧🕐
နေလ သုံးရက်ခန့်အကြာတွင် အိပ်မက်
ထဲ၌ ကြာဖြူ့ကိုပြန်တွေ့ရပြန်၏။ထုံးစံအတိုင်း
လက်အုပ်ချီလျှက် ဗလုံးဗထွေးအသံဩဩကြီး
နှင့်ပြောပြန်၏။
"---------------"
သူမပို၍ ရုပ်ဆိုးအကျည်းတန်လာပြီး အနံ့အသက်လည်း ပို၍ဆိုးရွားလာပါ၏။
နေလ သူမအားဂရုဏာသက်စွာစူးစိုက်
ကြည့်ရင်း...
"ဖြူ......ဖြူလုပ်ခဲ့မိတဲ့ အပြစ်ကို....
ကိုယ်သိပြီးပါပြီ...ဖြူလုပ်မိခဲ့တဲ့အပြစ်ကိုကိုယ် ခွင့်လွတ်ပါတယ်...အကြွင်းမဲ့...ခွင့်လွတ်ပါတယ်
ဖြူ.... အဲ့ဒီ့ အစွဲကြီးကိုဖျောက်ပြီးအမျှဝေတဲ့အ
ခါ သာဓုခေါ်ပေးပါ......"
သူမ၏ခန္ဓာကိုယ် မှုံဝါးပျောက်ကွယ်သွား
ပြီး နေလလည်း အိပ်မက်မှ ပြန်နိုးလာခဲ့၏။
🕛🕧🕟
နေလ သူမအားရည်စူး၍ ကောင်းမှုကု
သိုလ်များ ထပ်မံပြုလုပ်ကာ အမျှအတန်းပေး
ဝေခဲ့ပြန်ပါ၏။
ထိုညတွင် ကြာဖြူ့အား သစ်လွင်ဖြူဖွေး
သော အဝတ်တို့ဖြင့်တွေ့ရပြီး လူ့ဘဝကကဲ့သို့
ချောမောလှပသော ရုပ်ရည်ကလေးကို ပြန်
လည်တွေ့ရှိရ၏။ ဆိုးရွားသောအနံ့အသက်
တို့လည်းမရှိတော့ဘဲ ကြည်လင်လန်းဆန်းစွာ
နေလအား ပြုံးပြနေ၏။
နောက်ညများတွင် ကြာဖြူ့အားနေလ
မည်သည့်အခါမှ အိပ်မက်ထဲတွင်တွေ့မြင်ရ
ခြင်းမရှိတော့ပါ။ သူမ ပြိတ္တာဘုံဘဝမှ ကျွတ်
လွတ်သွားခဲ့ခြင်းဖြစ်သည်ဟု နေလယုံကြည်
နေပါသည်။