• Enter Slide 1 Title Here

    မင်္ဂလာပါ။ PWA Myanmar က ကြိုဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

  • Enter Slide 3 Title Here

    This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

Monday, May 28, 2018

မိန်းကလေး တွေက သူတို့ရဲ့ PHOTO GALLERY ကို မကြည့်စေချင်သည့် အကြောင်းရင်း (၅)ခု

မိန်းကလေးတွေဟာ အပြစ်ကင်းပြီး ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင်နေရင် သူတို့အကြောင်းကို အတွင်းကျကျမသိသေးလို့ ဖြစ်ပါလိမ့်မယ်။ မိန်းကလေးတွေ အချင်းချင်းကြည့်မရတာကြတာ မြွေမြွေချင်းခြေမြင်ဆိုသလို့ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိကြတာကြောင့် ဖြစ်ပါတယ်။

သင့်ကောင်မလေးရဲ့ ဖုန်းကိုယူကြည့်ခွင့်ရမယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ သူမရဲ့ ဓာတ်ပုံတွေကို အချိန်(၅)မိနစ်လောက်ကြည့်လိုက်ရမယ်ဆိုရင် သူမအပေါ်သင့်ရဲ့အမြင် အနည်းအများဆိုသလို ပြောင်းလဲသွားမှာ သေချာပါတယ်။ ဒါကြောင့် မိန်းကလေးတွေက သူတို့ရဲ့ဓာတ်ပုံ Gallery ကို မကြည့်စေချင်ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ သင် သိပါသလား။

1- Chat Screeshot တွေ ရှိတယ်

သင်နဲ့ လိုင်းပေါ်မှာ ပြောဆိုထားသမျှ စာတွေအားလုံးကို ဖတ်ရုံသာမက Screenshot တွေ ရိုက်ပြီး သိမ်းထားတတ်ပါတယ်။ ပြီးရင် မိန်းကလေးသူငယ်ချင်း Group တွေ ဒါမှမဟုတ် အခင်ဆုံးသူငယ်ချင်းတစ်ယောက်စီကို ပို့ပြီး စိစစ်ဝေဖန်မှုတွေ လုပ်ကြပါတယ်။ သင့်ကောင်မလေးကို အပြောအဆိုနည်းနည်းရင့်သွားတာနဲ့ သူမရဲ့သူငယ်ချင်းတွေကပါ သင့်ကိုအမြင်ကတ်နေမှာ ဖြစ်ပါတယ်။ စကားလုံးလှလှလေးတွေနဲ့ ချုပ်တတ်မယ်ဆိုရင်တော့ အားလုံးက ထောက်ခံတဲ့ မင်းသားဖြစ်မှာပါ။ ဒါကြောင့် လိုင်းပေါ်ကနေ စာပို့မယ်ဆိုရင် ပြောမယ့်စကားကို နှစ်ခါပြန်စဉ်းစားဖို့ လိုပါတယ်။

2- မရေမတွက်နိုင်တဲ့ Selfies တွေ ရှိတယ်

မိန်းကလေးတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ နေ့တိုင်း Selfies ပုံလှလှလေးတွေ ဘယ်လိုများတင်နိုင်တာလဲ အံ့သြမိပါသလား။ ဒါက အကြောင်းသိရင် အံ့သြစရာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက် တစ်နေ့ကို Selfies ပုံရိုက်တဲ့ အကြိမ်အရေအတွက်က သင့်ဘ၀တစ်လျှောက်လုံး ကြည့်ခဲ့တဲ့ အပြာကားအရေအတွက်ထက် ပိုများပါတယ်။ သင့်ကောင်မလေးက Selfies အတူရိုက်ဖို့ ခေါ်ရင် လက်မခံပါနဲ့။ သူမ စိတ်ကြိုက်ပုံမရမချင်း မဆုံးနိုင်သော ပို့စ်ပေါင်းများစွာပေးရင်း သေချင်စိတ်ပေါက်လာပါလိမ့်မယ်။

3- အပြာကားတွေ ရှိနိုင်တယ်

ဒီအချက်ကို မိန်းကလေးတွေက ဘယ်တော့မှ ၀န်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဖုန်းထဲမှာ လျို့ဝှက်ဖိုင်တွေ သိမ်းတဲ့နေရာတစ်ခု ရှိကိုရှိပါတယ်။ တကယ်တော့ အပြာကားတွေကို စိတ်ဝင်စားတာ ယောက်ျားလေးတွေချည်းပဲ မဟုတ်ပါဘူး။ သင့်ကောင်မလေးကလည်း အရမ်းမရင်းနှီးသေးခင်မှာ အပြာကားလုံးဝမကြည့်ဖူးဘူးလို့ ပြောချင်ပြောပါလိမ့်မယ်။ ဒါက လိမ်တာဆိုတာ သေချာပါတယ်။ သင်တို့နှစ်ယောက်စလုံးရဲ့ အကြိုက်ဆုံး Porn Star က တစ်ယောက်ထဲတောင် ဖြစ်နေနိုင်ပါတယ်။

စ်နေနိုင်ပါတယ်။

4- အဆိုအမိန့်တွေ နဲ့ Memes တွေ

မိန်းကလေးတွေဟာ အချိန်တိုင်း၊ အခြေအနေတိုင်းအတွက် မှီငြိမ်းပြုစရာ အဆိုအမိန့်တွေ၊ Memes ပုံတွေကိုလည်း သိမ်းထားတတ်ကြပါတယ်။ ဒီဟာတွေကို သူမရဲ့စိတ်ခံစားချက်ကို လိုက်ပြီး ကွက်တိအသုံးချနိုင်တဲ့ လက်နက်တွေအဖြစ် စုဆောင်းထားကြတာဖြစ်ပါတယ်။ ချစ်သူရည်းစားကိစ္စ၊ အစားအသောက်ကိစ္စ စသဖြင့် တစ်ခုခုကို ပြောဆိုချင်တဲ့အခါမျိုးတိုင်းမှာ ဒီအဆိုအမိန့်တွေနဲ့ Memes တွေကို ပြန်အသုံးချတတ်ပါတယ်။

5-လျှို့ဝှက်ဇာတ်လမ်းတွေ

လက်ရှိ သင့်ကောင်မလေး Crush နေတဲ့ မင်းသား၊ အဆိုတော်တို့လို နာမည်ကြီးတစ်ယောက်ယောက် ပုံတွေကနေ သူငယ်ချင်းရဲ့ ညီမ၀မ်းကွဲရဲ့ ချစ်သူကောင်လေးပုံအထိ သိမ်းထားတတ်ပါတယ်။ အခန့်မသင့်ရင် အရင်ရည်းစားဟောင်းပုံတွေနဲ့ သူမကို လိုက်ခဲ့ဖူးတဲ့ ကောင်လေးတွေရဲ့ ဓာတ်ပုံတွေပါ တွေ့ရနိုင်ပါတယ်။

Monday, May 21, 2018

Let's stay in touch!

 
YouPic

Let's stay in touch!

As many of you know, the new General Data Protection Regulation ("GDPR") requirements go into effect on 25 May 2018. Your privacy is very important to us, so please consent by clicking the button below if you would like to continue receiving updates from YouPic on  announcements,  insights and potential opportunities.

 
 
Sent with ♥ from YouPic
Viktor Rydbergsgatam 14, Gothenburg, Sweden
 

Tuesday, March 28, 2017

သန်းကြွယ်သူဌေးတို့၏ ဘဝအောင်မြင်ရေး လျှို့ဝှက်ချက်

သန်းကြွယ်သူဌေးဆို၍ ဘယ်လို လူစားမျိုးပါလိမ့်ဟူ၍ တအံ့တဩမတွေး ထင်လိုက်ကြပါနှင့်။ သန်းကြွယ်သူဌေးများ သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သာမန်လူထဲက လူများသာဖြစ်ကြပါ၏။ သို့သော် သူတို့သည် လူတိုင်းလိုသာမန် လူစားမျိုးဖြစ်ကြပါလျှင် သူတို့တစ်တွေ ကျတော့ ဘာ့ကြောင့် သန်းကြွယ်သူဌေး ဖြစ်ကြပါသနည်း။ လူများစုကြီးကတော့ ဘာ့ကြောင့် လူလတ်တန်းစားဘဝမှ မတက်ကြ ပါသနည်းဆိုသည့် အချက်ကမူ လွန်စွာစိတ်ဝင်စားဖွယ်ရာကောင်းလှ ပါသည်။ သာမန်လူစားများပိုင်ဆိုင်သော အရည်အချင်းများဖြင့်ပင် သူတို့ဘယ်ပုံ ဘယ်နည်းပစ္စည်းဥစ္စာချမ်းသြွာကယ်ဝ လာအောင် မည်သို့ကြိုးစားလုပ်ဆောင်ခဲ့ ကြသည်ကို လေ့လာသူနှစ်ဦးက ဆန်းစစ် ရှာဖွေခဲ့ကြပါ၏။ သူတို့၏ လေ့လာနည်း မှာ ထိပ်တန်းရောက် သန်ြးွကယ်သူဌေး များကို တွေ့ဆုံမေးမြန်း၍ ဖြေကြားရန်
မေးခွန်းကလေးများ ပို့ပေးခဲ့ခြင်းပင်ဖြစ် သည်။ အောင်မြင်မှု သရဖူဆောင်းထား သော သန်းကြွယ်သူဌေးကြီးများ၏ သုံးပုံ နှစ်ပုံမှာ ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင် အောင်မြင်နေ သူများဖြစ်ကြောင်းတွေ့ရှိ ရသည်။ သူတို့လုပ်ကိုင်သော လုပ်ငန်းများ ကလည်း စိတ်ဝင်စားဖို့ကောင်းလှသည် တော့မဟုတ်ပါ။ ဥပမာ သံဂဟေဆော် လုပ်ငန်း၊ အဝတ်လျော်ဖွပ်သန့်စင်ရေး လုပ်ငန်းမျိုးပင်ဖြစ်သည်။ တခြားသော သန်ြးွကယ်သူဌေးအများစုသည်လည်း ဘဏ်နှင့် ငွေကြေးရန်ပုံငွေအဖွဲ့များမှ ငွေချေးလုပ်ကိုင်သူများ မဟုတ်ကြပါ။ သန်ြးွကယ်သူဌေးဆယ်ဦးတွင် ရှစ်ဦးမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဥစ္စာဓနတိုးပွား အောင်လုပ်ဆောင်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် ငွေကြေးသုံးစွဲရာတွင် ဖြစ်စေ၊ နေထိုင်စားသောက်ရာတွင်ဖြစ်စေ မျှတရုံမျှသာ သုံးစွဲစားသောက်ကြသူများ ဖြစ်သည်။ သူတို့သည် နှစ်စဉ်ပျမ်းမျှ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းလောက်ရှိကြသော် လည်း ရိုးရိုးသာမန်အဆင့်မျိုး၌သာ နေထိုင်ကြသည်။ ဟိတ်တစ်လုံးဟန် တစ်လုံးဖြင့် ပပလွှားလွှား၊ ကြွားကြွားဝါ၀ါ မနေကြပါ။ သူတို့နှင့်အတူ သွားလာ ဆက်ဆံပေါင်းသင်းလျက်ရှိကြသော သူတို့၏ မိတ်ဆွေများပင် သူတို့မည်မျှထိ ချမ်းသာသည်ဆိုတာကို ခန့်မှန်းနိုင်ဖို့ မလွယ်ပါ။ အမေရိကန်သန်ြးွကယ်သူဌေးများ အနေဖြင့် ကြွယ်ဝချမ်းသာအောင် နည်း မျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြပါသည်။ သူတို့၏ ကြိုးပမ်းလုပ်ဆောင်မှုကို လေ့လာခြင်းဖြင့် လူတစ်ဦးကြီးပွားချမ်းသာဖို့အတွက် ချမ်းသာသော မျိုးရိုးမိဘများမှ ပေါက်ဖွား လာရန် မလိုသလို ဘွဲ့ဒီဂရီတွေ၊ ရာထူး ရာခံအဆင့်အတန်းတွေ ပိုင်ဆိုင်ဖို့လည်း မလိုအပ်လှကြောင်း ဖော်ပြလျက်ရှိနေ သည်။

တကယ်ချမ်းသာကြွယ်ဝလိုပါသလား

သင့်အိပ်မက်တွေကို အကောင် အထည်ဖော်ဆောင်ရန်အတွက် ဖော်ပြပါ အောင်မြင်သူတွေကို လေ့လာဆန်းစစ်ရာ မှ ပေါ်ထွက်လာသော ရိုးရှင်းလွယ်ကူလှ သည့် နည်းလမ်းများကို လိုက်နာကျင့်သုံး ကြည့်ပါလား။

ဝင်ငွေထက်ပိုမသုံးမိပါစေနှင့်

လူတကာအထင်ကြီးအောင် လုပ်ပြ ချင်သဖြင့် တန်ဖိုးကြီးပစ္စည်းများကို ဝယ်ယူ တာမျိုး၊ မိမိမည်မျှချမ်းသာသည်ကို ကြွားဝါလိုသဖြင့် ဗုံးပေါလအောသုံးပြတာ မျိုးသည် ဥစ္စာဓနပြေွါကယ်ဝရေးနှင့် ကြီးပွားချမ်းသာမှု၏ အဓိက ရန်သူပင် ဖြစ်သည်။ ထို့ကြောင့်သန်ြးွကယ်သူဌေး တစ် ယောက်ဖြစ်မြောက်ရန် ရည်မှန်းမျှော်လင့် ထားသူအနေဖြင့် ဦးစွာလုပ်ဆောင်ရမည့် အရေးအကြီးဆုံးကိစ္စရပ်မှာ လက်ဖွာသည့် အကျင့်ကို ဖျောက်ဖို့ပင်ဖြစ်သည်။ သန်ြးွကယ်သူဌေးအများစု၏ အလေ့အထ အတိုင်း ငွေကြေးစုဆောင်းလေ့ရှိသော အကျင့်ကို အရယူကျင့်သုံးရပါလိမ့်မည်။ ဥပမာအားဖြင့် အမှန်တကယ်သုံးစွဲ ရမည့် စရိတ်စကများပယ်နုတ်ပြီး နှစ်စဉ် ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းမှနေ၍ ၂၀ ရာခိုင်နှုန်းထိ စုဆောင်းပါ။ ငွေကြေးသုံးစွဲမှု တွင် စစ်စစ်ကုပ်ကုပ်သုံးစွဲတတ်သူ၏ အဆိုအရ ရိုးရိုးကုပ်ကုပ်နေထိုင်ခြင်းသည် အားကစားတစ်ရပ်နှင့်တူသည်။ အဆိုပါ ပုဂ္ဂိုလ်သည် အသက် ၄၄ နှစ်ရှိပြီး ပေါ ချောင်ကောင်းတစ်ပတ်ရစ်ကားကိုပဲ စီးသည်။ နေထိုင်သော အိမ်ကို ပြုပြင် မွမ်းမံရာတွင်လည်း လေလံပစ်ရာမှ လေလံဆွဲ လာသော ဈေးနှုန်းချိုသာလှ သည့် ပရိဘောဂများကိုသာသုံးသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် မိမိဝင်ငွေမှ ဒေါ်လာများစွာ သက်သာစေပါသည်။

ငွေကြေးစုဆောင်းပြီး ရင်းနှီး မြုပ်နှံမှုကို အကောင်အထည်ဖော်ပါ

ငွေကြေးသုံးစွဲမှု၌ လက်ဖွာတတ်သူ တစ်ယောက်အနေဖြင့် ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကို စုဆောင်းရမည့်ကိစ္စမှာ တော်တော်စိတ်ညစ်စရာဖြစ်ပါလိမ့်မည်။ သို့သော် ဝင်ငွေ ၅ ရာခိုင်နှုန်းကို ယခု လက်ငင်းစတင်၍ နောက်နှစ်မှစကာ နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးပြီး စုဆောင်းသွား မည်ဆိုပါက ၁၀ နှစ်အတွင်း ၁၅ ရာခိုင် နှုန်း စုဆောင်းလေ့ရှိသော အကျင့်သည် စနစ်တစ်ခုအဖြစ် စွဲမြဲသောအကျင့်တစ်ရပ် ဖြစ်သွားပါလိမ့်မည်။ ရိုးရှင်းလွယ်ကူသော နည်းစနစ် တစ်ခုမှာ သင်ကြိုက်နှစ်သက်ရာ ငွေကြေး အဖွဲ့အစည်းတစ်ခုခုတွင် စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံထားဖို့ပင်ဖြစ်သည်။ သင်၏ စတော့ရှယ်ယာများသည် သင်၏ ငွေစုစာရင်းဆီသို့ အလိုလိုပြောင်းရွှေ့ ဝင်ရောက်လာပါလိမ့်မည်။ သန်ြးွကယ် သူဌေးများ၏ ၉၅ ရာခိုင်နှုန်းသည် စတော့ပိုင်ဆိုင်ကြပြီး အများစုကတော့ စတော့ရှယ်ယာအရောင်းအဝယ်လုပ်ကြ သည်။ ကျောင်းဆရာဇနီးမောင်နှံနှစ်ဦး သည်လည်း ယခုကဲ့သို့ပင် စနစ်တကျ ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေါ်လာငွေတစ်သန်း စုမိဆောင်းမိခဲ့ကြသည်။ ၁၉၇၂ ခုနှစ်တွင် သူတို့သည် အြွေကးကတ်(Credit Card) သုံးစွဲမှုကို စွန့်လွှတ်လိုက်ပြီး စတော့ ရှယ်ယာဝယ်ယူမြှုပ်နှံသည့် အစီအစဉ်ကို တစ်လဒေါ်လာ ၅၀ ပေးသွင်းရင်းစတင်ခဲ့ ကြသည်။ အဆိုပါ အစီအစဉ်ရပ်ဆိုင်း လိုက်သည်နှင့် သူတို့ဘာသာသူတို့ ရင်းနှီး မြှုပ်နှံမှုကို စတင်နိုင်ခဲ့ကြသည်။ သည့်နည်းဖြင့် စုဆောင်းငွေပမာဏ သည် တစ်လဒေါ်လာ ၃၀ဝ ဖြစ်လာ သည်။ ပုံမှန်နှင့်ရင်းနှီးမြှုပ်နှံမှုက သူတို့ နှစ်ဦးကို ဒေါ်လာ ၇၅၀çဝ၀ဝ တို့ပွားစေ ခဲ့သည်။

အကြွေးတင်မခံပါနှင့်

အမေရိကန်နိုင်ငံတွင် နှစ်စဉ်ြွေကး ဝယ်ကတ်ပေါင်း နှစ်ဘီလျံလောက်ထုတ်ပြီး ဘဏ်မှနေ၍ လွယ်လွယ်ကူကူ ငွေထုတ် ချေးနေကြသည်။ သည်နည်းဖြင့် ပြည်သူ လူထုအပေါင်းတို့သည် နှစ်စဉ်ချေးငွေပေါ် မှ ပေးဆပ်ရသော အတိုးပေါင်းမှာ ဘီလျံ များစွာရှိခဲ့ကြသည်။ သည်ထဲမှ သန်ြးွကယ် သူဌေး ၇၀ လောက်ကတော့ြွေကးမြီ ကင်းရှင်းသူများဖြစ်ကြသည်။ ပေးဆပ် ရသည့် အကြွေးငွေတစ်ဒေါ်လာတိုင်း သည် ရင်းနှီးမြှုပ်နှံမှုအတွက် တစ်ဒေါ်လာ လျော့နည်းစေကြောင်း သူတို့ကောင်း ကောင်း သဘောပေါက်ကြသည်။ သည် အချက်ကို မိမိတတ်နိုင်သည့် ဈေးထက် ပို၍ ဈေးနှုန်းချိုသာသော အိမ်ရာဝယ်ယူ ခြင်းကို ကြည့်လျှင်သိရှိနိုင်သည်။ အိမ်၊ ခြံ၊ မြေ ပွဲစားများသည် သင့်ဝင်ငွေသုံးဆကို အိမ်ဝယ်ရာတွင် သုံးနိုင်ကြောင်း ပြောဆို ကောင်းပြောဆိုကြပါမည်။ သို့သော် အကယ်၍ သင့်အနေဖြင့် ဝင်ငွေ၏ နှစ်ဆကို ကန့်သတ်ထားနိုင်မည်ဆိုပါက ချေးငွေအတွက် ပြန်ပေးဆပ်ငွေ(အတိုး) ပမာဏကို ၃၅ ရာခိုင်နှုန်းမျှ လျှော့ချနိုင် ပါလိမ့်မည်။ အဆိုပါ ငွေကြေးပမာဏ သည် စုဆောင်းရန်ကောင်းပါသည်။ အြွေကးကတ်ဝယ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ အကောင်းဆုံးအကြံပေးချက် မှာ အြွေကးလက်ကျန်ကို မည်သည့်အခါမှ ထပ်ပြီး မဆက်တော့ရန်ဖြစ်သည်။ ဤ နည်းဖြင့် ငွေတိုးဆပ်ရမည့် ဒဏ်မှ ကင်း လွတ်နိုင်ပါလိမ့်မည်။ စာတိုက်ဝန်ထမ်း ဟောင်းတစ်ဦးသည် သည်နည်းဖြင့် မြေယာငှားရမ်ငွေ ဒေါ်လာသုံးသန်း လောက်ပိုင်ဆိုင်ပြီးဖြစ်သည်။ အဆိုပါ ဝန်ထမ်းဟောင်းက သူ၏ ခံယူချက်ကို ဤသို့ ဖွင့်ဟခဲ့သည်။ "သူများကို ငွေပေးရတဲ့ အလုပ်မျိုး ယုံကြည်နှစ်သက်မှု မရှိပါ။ သူများကသာ ကိုယ့်ကို ငွေပေးရမယ်လို့ ယုံကြည်မှတ်ယူ ထားပါတယ်"

အခွန်ငွေပေးဆောင်မှုကို နည်းသည် ထက် နည်းအောင်လုပ်ဆောင်ပါ

အမေရိကန်နိုင်ငံ၏ အိမ်ထောင်စု အတော်များများသည် သူတို့နှစ်စဉ်ဝင်ငွေ ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်းကို ဝင်ငွေခွန် ပေးဆောင်နေရကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများ၏ အဆိုအရသိရှိရသည်။ ယေဘုယျအားဖြင့်မူကား သန်ြးွကယ် သူဌေးများသည် သူတို့နှစ်စဉ်ဝင်ငွေ၏ နှစ်ရာခိုင်နှုန်းလောက်သာ ပေးဆောင်ကြ ရပါသည်။ သန်ြးွကယ်သူဌေးများ၏ အခွန်ငွေ လျှော့ချမှုနည်းလမ်းမှာ နှစ်စဉ်ဝင်ငွေကို အခွန်ဆောင်ရမည့် ပမာဏထက် သိပ်ပြီး ပိုမသွားအောင် ထိန်းထားနိုင်ခြင်းပင်ဖြစ် သည်။ သူတို့အနေဖြင့် စတော့ရှယ်ယာ များကို တိုးပွားအောင်ဝယ်ယူမြှုပ်နှံကြ သည်။ ထို့ကြောင့် စတော့ရှယ်ယာဈေးနှုန်း မြင့်တက်ခြင်းမှနေ၍ အမြတ်အစွန်းများ ရရှိနေကြသည်။ အဆိုပါ စတော့ရှယ်ယာ များသည် မရောင်းရမီမှာ အခွန်ငွေ ထမ်း ဆောင်ရန် မလိုအပ်သေးပါ။ သည်နည်း ဖြင့် နှစ်စဉ်အခွန်ငွေ ထမ်းဆောင်ရမည့် ငွေကြေးပမာဏ နည်းအောင်လုပ်ဆောင် ကြရသည်။ ရင်းနှီးမြှုပ်နှံမှုသည် ငွေသားအတိ ပြောင်းလဲချိန်ထိ ထမ်းဆောင်ဖို့ဆိုင်းငံ့ သလောက်အကျိုးရှိသည်။ တခြားအမြတ် တစ်ခုမှာ ရင်းနှီးငွေ ရှယ်ယာအမြတ်ငွေ နှင့်အတိုးနှုန်းများသည် သာမန်ဝင်ငွေ အပေါ် ကောက်ခံသည့် အခွန်နှုန်းထား ထက် လျော့နည်းပါသည်။

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းထူထောင်ပါ

သင့်အနေဖြင့် သန်ြးွကယ်သူဌေး ဖြစ်လိုသည်ဆိုပါက သူတစ်ပါး၏ လုပ်ခ စား အလုပ်ထက် ကိုယ်ပိုင်လုပ်ငန်း ထူ ထောင်ရန်လိုသည်။ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်သူသည် သူတစ်ပါး အခစားလုပ်ကိုင်သူထက် သန်ြးွကယ် သူဌေးဖြစ်နိုင်ခြေ လေးဆပိုကြောင်း တွေ့ ရှိရသည်။ လုပ်ခစား အလုပ်သမား တစ်ယောက်မှာ အလုပ်ရှင်က ပေးသ လောက် ဝင်ငွေသာရရှိမည်ဖြစ်သည်။ သို့သော်ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် သူများမှာမူ သူတို့၏ လုပ်ငန်းကြီးပွား တိုးတက်အောင်လုပ်ဆောင်နိုင်ရန် အခွင့် အလမ်းများ ပြည့်နက်နေသည်။ အသက် ၃၈ နှစ်အရွယ်ရှိ ကလ်နလ် ဘဒ်ဝဲလ်ဆိုသူသည် ကွန်ပျူတာအပို ပစ္စည်းရောင်းဝယ်ရေး၏ ပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ တစ်နှစ်တာဝင်ငွေမှာ ဒေါ်လာ ၂ ဒသမ ၅ သန်းရှိပါသည်။ သူ့ကိုယ်သူ တစ်နှစ်ဒေါ်လာ ၃၀çဝ၀ဝ လစာပေးထား သည်။ အသုံးစရိတ်အဖြစ် ကန့်သတ်ထား ခြင်းဖြစ်သည်။ သူ့အနေဖြင့် အမှန်တကယ် စိတ် လှုပ်ရှားဖွယ်ကောင်းစေသည့်အရာမှာ စတုရန်းပေ လေးသောင်းကျယ်ဝန်းသော အလုပ်ရုံသစ်ထဲ လမ်းလျှောက်ပြီး သူ၏ စီးပွားရေးလုပ်ငန်းကြီးထွားရှင်သန်နေ သည်ကို တွေ့မြင်နေရခြင်းဖြစ်သည်ဟု သူကိုယ်တိုင်က ဂုဏ်ယူဝံြွ့ကားစွာ ပြောဆို နေလေ့ရှိသည်။

Sunday, January 15, 2017

Q & A

ဖတ်ကြည့်ပါ.......
တန်းဖိုးရှိပါတယ် ဗဟုသုတလဲရတယ်......

အမေရိကန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ...
ဘာလို့အရာရာ top ဖြစ်နေရလဲဆိုတာ
ဒီ..မူကြို ဆရာမလေးရဲ့အဖြေကိုဖတ်ကြည့်ပြီး
မအံ့ဩတော့ဘူး....... ...
.... ... ... ...

အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌
အင်တာဗျူး တစ်ခုလာနေသည်။

၎င်း အင်တာဗျူးကို....
စိတ်ဝင်တစားနားထောင်မိခဲ့သည်။
သဘောကျ မိပါသည်။

ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

" ဆရာမ တာဝန်ထမ်းတာ ကြာပြီလား "

" ၃နှစ်လောက်ရှိပြီ"

" ဘာတာဝန်ယူရလဲ "

" ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် "

" မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ "

" နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ "

" ဒီထက်ပိုရှင်းပြလို့ရမလား "

" ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် "

" ဘာကြောင့်လဲ "

ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် "

"ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ "

" ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ ပဲ ...အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် ...ဒါကြောင့် ကြောက်တာ "

" ဟုတ်တယ်နော် ..ဆက်ပြောပါဦး "

" ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ "

"ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျ
ခင်ဗျားနားလည်သလို ပြောပြစမ်းပါ "

"ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။

မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။

လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အခြေခံပညာရေးရဲ့ ရည်မှန်းချက် ပဲ "

" ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ...
ဆက်ပြီးမေးခွင့်ပြုပါ။ "

" ရပါတယ် "

" လစာဘယ်လောက်ရလဲ "

" ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် "

" ဒီလိုပါ ...ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ "

" လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို
ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် " ဆက်ပြီးမေးပါရစေ "

" ကောင်းပါပြီ ..မေးပါရှင် "

" ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ "

" ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ "

" ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ "

" ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် ...နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ "

" ဘာဆိုင်လို့လဲ "

" ဖြေကြည့်ပါ "

" နှင်းဆီ ပန်းကလှတာပေါ့ "

" ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ "

" ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ "

" ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ "

"ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ "

" တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။ သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။

ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။

အဲဒီစိတ်ကူး စိတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် "

" ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် "

" စာဖတ်လို့ပါ "

"ဘာစာတွေဖတ်လဲ "

" အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် "

" ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား "

" နှစ်သက်ခဲ့ပါတယ် "

" နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား "

" ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်းတစ်မျိုးပေါ့လေ "

" သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ "

"တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။် ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။

ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် ...အားလုံး အရေးကြီးတယ်...အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး "

" all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ "

" သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ "

" ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ "

" ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား "

" ဟုတ်တယ်ရှင့်...သမ္မတ တို့ ဝန်ကြီးချုပ်တို့အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ ။ နောက်ထပ် ၄..နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်...ဝန်ထမ်းကောင်းမှ
တိုင်းပြည်ကောင်းမှာရှင့် "

" ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် "

" ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် "

..................အနှစ်ချုပ်ကြည့်ရင်ဖြင့် တစ်ခါတစ်ရံ တွင် လူတို့သည် ကိုယ့်တန်ဖိုးကိုကိုယ်မသိကြပေ။

ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ ၊ ကိုယ့်တာဝန်ကိုယ် မသိကြပါ။

##Original uploader.
Credit - Dr Shwe Tun

Saturday, December 31, 2016

Htet Yamin Aung

Saturday, December 10, 2016

ရည်မှန်းချက်

   ရည်မှန်းချက်မရှိဘဲ အလုပ်လုပ်ခြင်းသည် လှေကို ပဲ့မထိန်းဘဲ လှော်ခတ်နေခြင်းနှင့် တူသည်။ ရောက်ချင်ရာ ရောက်နေပေမည်။

   ရည်မှန်းချက်တစ်ခုကို ခိုင်ခိုင်မာမာ သတ်မှတ်ချက်ချထားသော်လည်း ကြိုးစားအားထုတ်မှုမရှိပါက ထိုရည်မှန်းချက်ပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိနိုင်မည် မဟုတ်ပါ။ လှေကို ရောက်လိုသည့် နေရာသို့ ပဲ့ကိုင်ထားပြီး မလှော်ခတ်ခြင်းနှင့် တူလေသည်။

   ရည်မှန်းချက်လည်းထား၊ ကြိုးလည်းကြိုးစားပါမှ မိမိရည်မှန်းသည့် ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။ လှေကို ရောက်လိုသည့်နေရာသို့ ဦးတည်၍ ပဲ့ကိုင်ထားပြီး လှော်လည်းလှော်ခတ်ပါမှ ရောက်လိုသည့်နေရာသို့ ရောက်နိုင်ပေမည်။

ထိုသို့ မိမိမျှော်မှန်းသော၊ မိမိရောက်လိုသော ပန်းတိုင်သို့ ခရီးဆက်ရာ၌ မိမိမျှော်မှန်းချက် မြင့်မားလျှင် မြင့်မားသလောက် လမ်းတွင် အခက်အခဲ၊ အတားအဆီးများနှင့် ပိတ်နေတတ်သည်။ အကယ်၍ အခက်အခဲအတားအဆီးများကို မကျော်ဖြတ်ဘဲ ရှောင်လွှဲလိုက်လျှင် ရည်မှန်းချက်နှင့်လွဲလိမ့်မည်။ ဂုဏ်ယူထိုက်သော အောင်မြင်မှုမှန်သမျှသည် အခက်အခဲ၊ အတားအဆီးများနှင့် ပြည့်နက်နေသည်။ အခက်အခဲ၊ အတားအဆီးများ၏ နောက်ကွယ်တွင် မိမိမျှော်မှန်းသော ပန်းတိုင်ရှိသည်။ ထို့ကြောင့် အခက်အခဲ၊ အတားအဆီးမှန်သမျှကို ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာလျှင် မိမိမျှော်မှန်းသော ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည် ဖြစ်ပေသည်။

Sunday, October 30, 2016

Hacker တစ်ယောက်ဖြစ်ရန်အခြေခံလိုအပ်ချက်များ

-ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။
တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။
တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။
သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။
နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ-
Credit:(ဘယ်သူ့ပို့စ်လည်းမမှတ်မိပါ။copy ကူးပြီးပြန်တင်ပေးလိုက်တာပါ။မူရင်းရေးသူ
အား credit ပေးပါသည်