• Enter Slide 1 Title Here

    မင်္ဂလာပါ။ PWA Myanmar က ကြိုဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

  • Enter Slide 3 Title Here

    This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

Saturday, December 31, 2016

Htet Yamin Aung

Saturday, December 10, 2016

ရည်မှန်းချက်

   ရည်မှန်းချက်မရှိဘဲ အလုပ်လုပ်ခြင်းသည် လှေကို ပဲ့မထိန်းဘဲ လှော်ခတ်နေခြင်းနှင့် တူသည်။ ရောက်ချင်ရာ ရောက်နေပေမည်။

   ရည်မှန်းချက်တစ်ခုကို ခိုင်ခိုင်မာမာ သတ်မှတ်ချက်ချထားသော်လည်း ကြိုးစားအားထုတ်မှုမရှိပါက ထိုရည်မှန်းချက်ပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိနိုင်မည် မဟုတ်ပါ။ လှေကို ရောက်လိုသည့် နေရာသို့ ပဲ့ကိုင်ထားပြီး မလှော်ခတ်ခြင်းနှင့် တူလေသည်။

   ရည်မှန်းချက်လည်းထား၊ ကြိုးလည်းကြိုးစားပါမှ မိမိရည်မှန်းသည့် ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။ လှေကို ရောက်လိုသည့်နေရာသို့ ဦးတည်၍ ပဲ့ကိုင်ထားပြီး လှော်လည်းလှော်ခတ်ပါမှ ရောက်လိုသည့်နေရာသို့ ရောက်နိုင်ပေမည်။

ထိုသို့ မိမိမျှော်မှန်းသော၊ မိမိရောက်လိုသော ပန်းတိုင်သို့ ခရီးဆက်ရာ၌ မိမိမျှော်မှန်းချက် မြင့်မားလျှင် မြင့်မားသလောက် လမ်းတွင် အခက်အခဲ၊ အတားအဆီးများနှင့် ပိတ်နေတတ်သည်။ အကယ်၍ အခက်အခဲအတားအဆီးများကို မကျော်ဖြတ်ဘဲ ရှောင်လွှဲလိုက်လျှင် ရည်မှန်းချက်နှင့်လွဲလိမ့်မည်။ ဂုဏ်ယူထိုက်သော အောင်မြင်မှုမှန်သမျှသည် အခက်အခဲ၊ အတားအဆီးများနှင့် ပြည့်နက်နေသည်။ အခက်အခဲ၊ အတားအဆီးများ၏ နောက်ကွယ်တွင် မိမိမျှော်မှန်းသော ပန်းတိုင်ရှိသည်။ ထို့ကြောင့် အခက်အခဲ၊ အတားအဆီးမှန်သမျှကို ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာလျှင် မိမိမျှော်မှန်းသော ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည် ဖြစ်ပေသည်။