
Enter Slide 1 Title Here
မင်္ဂလာပါ။ PWA Myanmar က ကြိုဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
မင်္ဂလာပါ။ PWA Myanmar က ကြိုဆိုပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
ကျွန်တော် ဖြိုးဝေအောင် ပါ။
This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.
ရည်မှန်းချက်မရှိဘဲ အလုပ်လုပ်ခြင်းသည် လှေကို ပဲ့မထိန်းဘဲ လှော်ခတ်နေခြင်းနှင့် တူသည်။ ရောက်ချင်ရာ ရောက်နေပေမည်။
ရည်မှန်းချက်တစ်ခုကို ခိုင်ခိုင်မာမာ သတ်မှတ်ချက်ချထားသော်လည်း ကြိုးစားအားထုတ်မှုမရှိပါက ထိုရည်မှန်းချက်ပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိနိုင်မည် မဟုတ်ပါ။ လှေကို ရောက်လိုသည့် နေရာသို့ ပဲ့ကိုင်ထားပြီး မလှော်ခတ်ခြင်းနှင့် တူလေသည်။
ရည်မှန်းချက်လည်းထား၊ ကြိုးလည်းကြိုးစားပါမှ မိမိရည်မှန်းသည့် ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။ လှေကို ရောက်လိုသည့်နေရာသို့ ဦးတည်၍ ပဲ့ကိုင်ထားပြီး လှော်လည်းလှော်ခတ်ပါမှ ရောက်လိုသည့်နေရာသို့ ရောက်နိုင်ပေမည်။
ထိုသို့ မိမိမျှော်မှန်းသော၊ မိမိရောက်လိုသော ပန်းတိုင်သို့ ခရီးဆက်ရာ၌ မိမိမျှော်မှန်းချက် မြင့်မားလျှင် မြင့်မားသလောက် လမ်းတွင် အခက်အခဲ၊ အတားအဆီးများနှင့် ပိတ်နေတတ်သည်။ အကယ်၍ အခက်အခဲအတားအဆီးများကို မကျော်ဖြတ်ဘဲ ရှောင်လွှဲလိုက်လျှင် ရည်မှန်းချက်နှင့်လွဲလိမ့်မည်။ ဂုဏ်ယူထိုက်သော အောင်မြင်မှုမှန်သမျှသည် အခက်အခဲ၊ အတားအဆီးများနှင့် ပြည့်နက်နေသည်။ အခက်အခဲ၊ အတားအဆီးများ၏ နောက်ကွယ်တွင် မိမိမျှော်မှန်းသော ပန်းတိုင်ရှိသည်။ ထို့ကြောင့် အခက်အခဲ၊ အတားအဆီးမှန်သမျှကို ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာလျှင် မိမိမျှော်မှန်းသော ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည် ဖြစ်ပေသည်။
-ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။ ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။
တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။ ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင် တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။
တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင် ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့ ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။
သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။ ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့ မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့ သဘောရှိပါတယ်ခင်ဗျာ။
နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့ ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊ စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။ အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ-
Credit:(ဘယ်သူ့ပို့စ်လည်းမမှတ်မိပါ။copy ကူးပြီးပြန်တင်ပေးလိုက်တာပါ။မူရင်းရေးသူ
အား credit ပေးပါသည်
လူတိုင်း အမှားနှင့် မကင်းကြပေ။ အမှားများသည် ကိစ္စတစ်ခုကို ကျွန်ုပ်တို့ ဘယ်လိုဆောင်ရွက်နေသည်ကို တိုင်းတာပြီး ပြန်လည် သတိပေးနေသကဲ့သို့ ရှိသည်။
အမှားရှိမှ အမှန်ရှိပေမည်။ အမှားရှိမှ မှန်သောဘက်သို့ ဦးတည်နိုင်ပေမည်။ အောင်မြင်နေသူများသည် ရှုံးနှိမ့်နေသူများထက် ပို၍ အမှားများပြုလုပ်ခဲ့ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်သာ အမှန်များများ ပြုလုပ်လာနိုင်ကြပြီး အောင်မြင်လာကြခြင်း ဖြစ်သည်။
ရှုံးနှိမ့်နေသူများ၏ အဓိကပြဿနာမှာ သူတို့၏အမှားများကို သင်ခန်းစာယူ၍ မှန်အောင် ပြုလုပ်ရန် မကြိုးစားကြခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့သည် အောင်မြင်မှုများကထက် ဆုံးရှုံးမှုများမှ သင်ခန်းစာများကို ပို၍ ရရှိလေ့လာနိုင်ပေသည်။ ကျွန်ုပ်တို့သည် မှားယွင်းဆုံးရှုံးမိသောအခါ ထိုဆုံးရှုံးမှု၏ အကြောင်းရင်းတို့ကို တွေ့အောင် ကြိုးစားရှာလာကြ၏။ တွေ့ရှိသောအခါ ထိုအမှားများကို မည်သို့မည်ပုံပြုပြင်ရမည်ကို စဉ်းစားကြံဆကြ၏။ ကောင်းမွန်မှန်ကန်အောင် လုပ်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေလာကြသည်။ အစီအစဉ်သစ်များ ရေးဆွဲလာကြသည်။
ကျွန်ုပ်တို့ အောင်မြင်မှု ရရှိလာသောအခါ သင်ခန်းစာ၊ လေ့လာမှတ်သားစရာတို့ကို မရရှိဘဲ အောင်မြင်မှု အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းသာ အဖတ်တင်လေ့ရှိသည်။
အမှားများနှင့် ပတ်သတ်၍ ပြောဆိုရလျှင် ကမ္ဘာကျော် တီထွင်မှု သိပ္ပံပညာရှင်ကြီး သောမတ်အက်ဒီဆင် အကြောင်းသည် မှတ်သားသင့်သည့် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်။ တစ်ခါက ပုဂ္ဂိုလ်ကြီးတစ်ဦးက သောမတ်အက်ဒီဆင်ကို အောက်ပါအတိုင်းမေးမြန်းခဲ့၏။
"ဆရာကြီးအနေဖြင့် လျှပ်စစ်မီးလုံး ဖြစ်ပေါ်လာရန်အတွက် ကြိုးစားတီထွင်ခဲ့ရာတွင် မအောင်မြင်ခဲ့သော မီးလုံးများ ရှိခဲ့ကြောင်း သိရပါသည်။ ထိုသို့ မအောင်မြင်သောအခါ ဆရာကြီးအနေဖြင့် ဘယ်လို ခံစားရပါသလဲ"ဟု မေးမြန်းလေသည်။
ထိုအခါ အက်ဒီဆင်က ပြန်ပြောသည်မှာ……
"ကျွန်ုပ်သည် မီးလုံးပြုလုပ်ရာတွင် တစ်ခါမှ မအောင်မြင်ခဲ့ခြင်း မရှိပါ။ သို့သော် ကျွန်ုပ်သည် လျှပ်စစ်မီးလုံးတစ်ခု ပြုလုပ်ရာတွင် မပြုလုပ်သင့်သော နည်းလမ်းထောင်ပေါင်းများစွာကို အောင်မြင်စွာ တွေ့ရှိခဲ့ပါသည်"ဟု ပြန်ပြောခဲ့လေသည်။
အက်ဒီဆင်သည် အမှားများနှင့် ပတ်သတ်၍ ထိုကဲ့သို့ ခံယူချက် ရှိခဲ့သဖြင့် သူနှင့်ခေတ်ပြိုင် အခြားသော တီထွင်မှု သိပ္ပံပညာရှင်များထက် သာလွန် အောင်မြင်စွာ တီထွင်မှုပေါင်းများစွာကို ပြုလုပ်နိုင်ခဲ့လေသည်။ သူသည် နှစ်ပေါင်း ၆၀-အတွင်း လျှပ်စစ်မီးလုံး၊ ဓာတ်စက်၊ တယ်လီဖုန်း၊ လက်နှိပ်စက်၊ လျှပ်စစ်မီးစက်နှင့် ရုပ်ရှင်ပြစက်တို့ အပါအဝင် တီထွင်မှုပေါင်း ၁၀၀၀-ကျော်ကို တီထွင်နိုင်ခဲ့လေသည်။
အမှားများနှင့် ပတ်သတ်၍ပြောရလျှင် မပါမပြီးသူမှာ ကမ္ဘာကျော် ဒုံးပျံနှင့် အာကာသသိပ္ပံပညာရှင် ဝါနာဗွန်ဘရောန် (Werner Von Braun) ပင် ဖြစ်သည်။ သူသည် မှားယွင်းမှုကို "ပညာရပ်တစ်ခု လေ့လာတတ်မြောက်ရန် မရှိမဖြစ် လိုအပ်သည့်အရာ"ဟု လက်ခံထားသူ ဖြစ်သည်။
သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ နာမည်ကျော် V-2 ရော့ကတ်များကို တီထွင်ပေးခဲ့ရသူလည်း ဖြစ်သည်။ ထိုရော့ကတ်များကို ဂျာမန်တို့က လန်ဒန်မြို့ကို ဗုံးကြဲတိုက်ခိုက်ရန် ရည်ရွယ်ပြီး ပြုလုပ်ခိုင်းထားခြင်း ဖြစ်သည်။ သူသည် ထိုအချိန်အထိ V-2 ရော့ကတ် ဖြစ်ပေါ်လာရန် ကြိုးစားရာ၌ အကြိမ်ပေါင်း ၆၅၁၂၁-ကြိမ် မှားယွင်းခဲ့ပြီးဖြစ်သည်။ ထိုသို့ V-2 ရော့ကတ်များကို တီထွင်နေဆဲကာလတွင် တစ်ရက်၌ သူ၏ အထက်အရာရှိ ဂျာမန်ဗိုလ်ချုပ်ကြီးများက သူ့ကို ခေါ်ယူတွေ့ဆုံမေးမြန်းလေသည်။
ဂျာမန်ဗိုလ်ချုပ်ကြီးများက သူ့အားခေါ်ပြီး "ခင်ဗျား ဒီရော့ကတ် အောင်မြင်စွာ ပစ်နိုင်ဖို့ နောက်ထပ် ဘယ်နှစ်ကြိမ် ထပ်မှားဦးမှာလဲ"ဟု ထေ့ငေါ့ပြီး မေးမြန်းလေတော့သည်။ ထိုအခါ သူက သေချာစဉ်းစားပြီးနောက် ပြန်ပြောသည်မှာ "နောက်ထပ် အကြိမ်ပေါင်း ၅၀၀၀-ခန့် ထပ်မှားနိုင်သေးကြောင်း၊ သို့သော် ခင်ဗျားတို့လိုချင်သည့် V-2 ရော့ကတ်ကိုတော့ သေချာရမည် ဖြစ်ကြောင်း၊ ဒုံးပျံရော့ကတ်တစ်ခုကို အောင်မြင်စွာတီထွင်နိုင်သည့် အရည်အချင်းရှိရန် ထိုသူသည် အနည်းဆုံး အကြိမ် ၆၅,၀၀၀-ခန့် မှားယွင်းပြုလုပ်ဖူးရန် လိုကြောင်း၊ ယခုအချိန်၌ ရုရှားပညာရှင်များသည် အကြိမ်ပေါင်း ၃၀,၀၀၀-ခန့် မှားယွင်း ပြုလုပ်ဖူးပြီး ဖြစ်မည်ဟု ယူဆကြောင်း၊ အမေရိကန်တို့မှာမူ အမှားတစ်ကြိမ်မှ မပြုလုပ်ရသေးဖူးဟု ယူဆကြောင်း၊ ထို့ကြောင့် အမေရိကန်များ ရော့ကတ် ပြုလုပ် အသုံးပြုလာမည်ကို စိုးရိမ်စရာ လုံးဝမရှိကြောင်း" စသည်ဖြင့် တည်တည်ကြည်ကြည် ပြန်လည် ရှင်းပြလေသည်။
နောက်ဆုံးတွင် ဒုတိယကမ္ဘာစစ်၏ ကျန်ကာလ တစ်ဝက်ကျော်လုံးလုံး ဂျာမန်တို့သည် သူ၏ ရန်သူများကို V-2 ရော့ကတ်များဖြင့် ဗုံးမိုး ရွာနိုင်ခဲ့ပေသည်။ ထိုအချိန်က အခြားမည်သည့် နိုင်ငံတွင်မှ ထိုလက်နက်မျိုး မရှိသေးချေ။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ သူသည် အမေရိကန်သို့ ပြောင်းရွှေ့ခိုလှုံပြီး အမေရိကန် အာကာသသိပ္ပံဌာနတွင် အလုပ်လုပ်ခဲ့သည်။ ၁၉၅၈-ခုနှစ်တွင် သူ၏ ဆောင်ရွက်မှုဖြင့် အမေရိကန်၏ ပထမဆုံး ဂြိုလ်တုကို လွှတ်တင်နိုင်ခဲ့လေသည်။
ခရစ်စတိုဖာ ကိုလံဘတ်(စ်)သည် အိန္ဒိယသို့ အချိန်တိုအတွင်း သွားနိုင်မည့် ဖြတ်လမ်းကို ရှာဖွေရာမှ မှားယွင်းပြီး အမေရိကတိုက်ကို တွေ့ရှိခဲ့ပေသည်။
ယခုလက်ရှိ နာမည်အကြီးဆုံးနှင့် အအောင်မြင်ဆုံး ကွန်ပျူတာ ကုမ္ပဏီကြီးဖြစ်သည့် IBM ကုမ္ပဏီကို စတင်တည်ထောင်သူ သောမတ်ဂျေဝတ်ဆင် (ThomasJ-Watson) က "အောင်မြင်မှု ရရှိရန် အကောင်းဆုံး နည်းလမ်းမှာ သင်၏ မှားယွင်းမှုများကို နှစ်ဆတိုး မှားယွင်းစေခြင်းပင် ဖြစ်သည်"ဟု ဆိုလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် မှားယွင်းမှု၊ ဆုံးရှုံးမှုများနှင့် တွေ့ကြုံရပါက စိတ်မလျှော့သင့်ဘဲ ထိုအမှားများမှ သင်ခန်းစာယူပါ။ ထိုအမှားများကို အောင်မြင်မှု ရရှိအောင် ကြိုးပမ်းရာတွင် မပြုလုပ်သင့်သည့် နည်းလမ်းများအဖြစ် မှတ်ယူပါ။
အမှားပြုလုပ်မိခြင်းသည် ရှက်စရာမဟုတ်ပေ။ ဘာမှ ကြိုးစားမလုပ်ဘဲနေခြင်းသည်သာ အမှားပြုလုပ်ခြင်းထက် ရှက်စရာကောင်းပေသည်။
You can follow by email now !!!
သိပ်မကြာမီက သုတေသနပြုချက်များအရ ၀မ်းနည်းမှုနဲ့ အရှုံးပေးလိုစိတ်ကဲ့သို့သော ညဉ်လက္ခဏာများဟာ စိတ်ဓာတ်ကျခြင်း- လို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပေမယ့်- အဲဒါတွေမှာ သူတို့ရဲ့ အပြုသဘောဆောင် အပေါင်းလက္ခဏာပြ တဲ့ ဘက်ခြမ်းလည်း ရှိတယ်ဆိုတာ တွေ့ရှိကြရပါတယ်။
University of Basel, Switzerland- မှ ဦးစီးဦးရွက်ပြုတဲ့သုတေသနက- စိတ်ဓာတ်ကျတဲ့ပုဂ္ဂိုလ်များဟာ အလုပ်တာဝန် များကို ဆုံးဖြတ်ချက်ပြုလုပ်ကြရမှာ သူတို့ရဲ့ပုံမှန် အဆင့်အတန်း အရည်အချင်းတူသူထက် ပိုမိုကောင်းမွန်တာကို ဆောင်ရွက်ပြုလုပ်ကြတယ်-လို့ ဆိုပါတယ်။
ဘာ့ကြောင့် စိတ်ဓာတ်ကျတာလဲ? စိတ်ဓာတ်ကျတာဟာ ၀အောင် လောက်အောင်မရခြင်းရဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ သင်က အသည်းအသန်အလေးအနက်ထားပြီး လိုချင်တောင့်တတဲ့ တစ်စုံတစ်ကနေ- သင်ဟာ အပြင်းအထန် ချို့တဲ့ကင်းမဲ့နေတယ်- လို့ သင် ထင်မြင်တဲ့အခါ- ဒီအတွေးတွေက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ဖို့ရာ သေချာပါတယ်။
စိတ်ဓာတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်ရပ်တစ်ခု မဟုတ်ပါ။ အဲဒါက သဘာဝအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ သင် ရရှိချင်တဲ့အရာကို သင် ရရှိပြီးပြီဆိုတာ ခံစားရလျင်- အဲဒါက သင့်ကို နှစ်ထောင်းအားရမှုကို ပေးပါလိမ့်မယ်။ ဒါပေမယ့် သင်ရဲ့ပန်းတိုင်ကို ရရှိဖို့ သင် ဆုံးရှုံးပြီးပြီဆိုတာ သင်ခံစားရတဲ့အခါ- အဲဒါက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ပါတယ်။
ပထမအကြောင်းတရားမှာ သင်ဘ၀က တကယ့်မကြာမီပဲ full stop - သို့ လားရောက်ပါတယ်။ ဒါပေမယ့် ဒုတိယအခြေ အနေမှာတော့ သင့်ဘ၀ဟာ commas - က ကြားမှ ဖောက်ဖောက်လာပါတယ်။
ကျေနပ်ဖွယ်ရာမဟုတ်တဲ့အတွေ့အကြုံများဟာ နာလောက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် အသိညဏ်ဆိုင်ရာ တိုးတက်မှုသို့ ချီတက်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အကူပြု ဆောင်ရွက်မှုကို အဲဒါတွေက ပြုလုပ်ပါတယ်။ အတွေ့အကြုံဆိုင်ရာ ဒီအမျိုးအစားကို ကြုံဆုံရခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ ထိပ်တန်းအောင်မြင်သူ တစ်ဦး မဖြစ်နိုင်ပါ။
စောစောပိုင်းလက်ခံဆောင်ရွက်ထားတဲ့ လေ့လာဆန်းစစ်ချက်က - သူုတို့ရဲ့ သာမန် ဖြစ်နေကျ အင်္ဂါရပ်များကို ရှာဖွေ့ဖို့ အလို့ငှါ ထိပ်တန်းအောင်မြင်သူ တစ်ရာရဲ့ ဘ၀များကို- လေ့လာခြင်းကို လိုအပ်ခဲ့ပါတယ်။ ဒါက အားလုံးသော ဒီထိပ်တန်းအောင်မြင်သူများရဲ့ ယေဘုယျညဉ်လက္ခဏာတစ်ခုဟာ ကျေနပ်အားရခြင်းမရှိ- ဆိုတာ လေ့လာ သတိပြုမိပါ တယ်။
အားရကျေနပ်မှုမရှိခြင်းဟာ ရှေ့အလားအလာပန်းတိုင်ကို အောင်မြင်ဖို့ အဆုံးအစမရှိတဲ့ပြင်းပြမှုဇောအဟုန်ကို ဦးတည်းသည်သာမက- ပို၍ပို၍ အောင်မြင်ရန် မရပ်မနား မနားမနေဇောကပ်ခြင်းကိုလည်းပဲ ပေါက်ဖွားဖန်တီး ဖြစ်ပေါ်စေပါတယ်။
သို့ဖြစ် ဒါက -လုပ်ဆောင်ချက်ရဲ့ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်- အောင်မြင်မှုရဲ့အမြင့်မားဆုံးဒီဂရီအတွက် မာစတာကီး(Master Key) ဖြစ်လာပါတယ်။ အားရကျေနပ်မှုက အရာရာတိုင်းအတွက် full stop- တစ်ခုကို ထားရှိသည့်အရပ်- ကျေနပ်အားရမှုမရှိခြင်းကတော့ မရပ်မနား တောက်လျှောက် ခရီးတစ်ခုမှာ သင့်ကို တွန်းအားပေးပါတယ်။ ဒါက စိတ်ဓာတ်ကျခြင်းရဲ့ ကြီးမားတဲ့အကျိုးအမြတ် တစ်ပန်းသာမှုပဲ ဖြစ်ပါတယ်။
ပူပင်ကြောင့်ကြမဲ့ သက်သောင့်သက်သာရှိခြင်းမှာ နေထိုင်နေတဲ့သူများ- ဒါ့ကြောင့် လက်မှိုင်ချ မျော်လင့်ချက်ပျက် သုဉ်းခြင်းတိုင် သားကောင်ဖြစ်မသွားတဲ့သူများဟာ- ယေဘုယျအားဖြင့် သတိပြုမိလောက်အောင်ထင်ရှားတဲ့ ဘယ်အောင်မြင်မှုဖြင့်ဖြစ် အောင်မြင်ဖို့ ကျရှုံးသွားခဲ့ပြီးပြီဆိုတာ- သမိုင်းများက အမြဲတမ်း ပြကြပါတယ်။
မတူတာကတော့ အခက်အခဲဒုက္ခတွေ အမြဲတမ်းပတ်ချာဝိုင်းနေတဲ့သူများဟာ- နောက်ပိုင်းမှာ ထိပ်တန်းအောင်မြင်သူများ အဖြစ် ပေါ်ထွက်လာဖို့ရန်သာ စိတ်ဓာတ်ကျခြင်းထဲသို့ ကျရောက်သွားခြင်း ဖြစ်ပါတယ်။
သဘာဝရဲ့ဥပဒေအရ ထိပ်တန်းအောင်မြင်မှုများရဲ့ ခရီးက နာလောက်အောင်ဖြစ်တဲ့ဖြစ်စဉ်များကို လက်ကိုင်ပြုခဲ့တယ် ဆိုလျင်- သင်ဟာ အဲဒီဖြစ်စဉ်များကို ထိန်းသိမ်းရပါတယ်။ ဒါဆိုယင် သင်မှာ ရွေးစရာနှစ်ခု ရှိပါတယ်။ သူ့ရဲ့သဘာဝတန်ဖိုးကို ပေးခြင်းဖြင့် ထိပ်တန်းအောင်မြင်မှုကို ရယူလို့ ဖြစ်စေ- ဒါမှမဟုတ် ထိပ်တန်းအောင်မြင်မှုကို တစ်ကြိမ်တစ်ခါမျှ သိခြင်းမရှိဘဲ အသက်စွန့်သွားလို့ဖြစ်စေ- တစ်ခုခုပါ။
သဘာဝက အသီးသီးသောနည်းလမ်းများဖြင့် ဒီအချက်ကို လက်တွေ့ပြသခဲ့ပြီးပါပြီ။ ဥပမာ သင်ဟာ ပန်းသီးဖျော်ရည် တစ်ခွက်ကို လိုချင်လျင်- သင်ဟာ ပန်းသီးကို ဖိညှစ်ရပါ့မယ်။ ဒါက ထိပ်တန်းအောင်မြင်မှုကို ရချင်တဲ့ဘယ်သူဖြစ်ဖြင့် သက်ဆိုင်ပါတယ်။ သဘာဝက ပြဋ္ဌာန်းတဲ့ ဆူးရှိတဲ့လမ်းကို နင်းလျှောက်ဖို့ သူ့ကို မဖြစ်မနေ လုပ်ရပါတယ်။ အကြောင်းက ဒီသတ်မှတ်ချက်အနေအထားကို ဖြည့်စွမ်းခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ အလိုဆန္ဒရှိတဲ့ပန်းတိုင်ကို မရောက်ရှိနိုင်လို့ပါ။
သူ့ရဲ့ပါးစပ်မှာရွှေဇွန်းတပ်မွေးဖွားလာတဲ့သူဟာ ပျမ်းမျှလူတစ်ယောက်လို သူ့ရဲ့ဘ၀ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကံစီမံရာ ဖြစ်သလို- ရွှေဇွန်းတပ် မွေးဖွားလာတာမဟုတ်တဲ့သူအတွက်တော့ ကြီးမားတဲ့အောင်မြင်မှုများကို ရရှိဖို့ ကြိုးစားကြရမှာ-ဆိုတာ ဒါက ဘ၀ရဲ့ဖြစ်ရပ်မှန်ပဲ ဖြစ်ပါတယ်။
အစပထမမှာ စိတ်ဓာတ်ကျခြင်းဟာ ကံခေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်စသတ်တော့ အဆုံးမှာ စိတ်ဓာတ်ကျခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ခုပါလား ဆိုတာပါ။ တကယ်တော့ စိတ်ဓာတ်ကျခြင်းဟာ ဘ၀ရဲ့ခေတ္တအခိုက် အတံ့ဖြစ်တဲ့ ချိန်ကိုက်ဖြစ်မှုတစ်ခုသာ ဖြစ်ပါတယ်။ အမြဲတမ်းနိစ္စဓူဝဖြစ်တဲ့ လမ်းကြောင်းတော့ မဟုတ်ပါ။
စိတ်ဓာတ်ကျခြင်းဟာ ငြီးငွေ့ဖွယ် ခရီးတစ်ခုနဲ့ အလားတူကဲ့သို့ ဖြစ်ပါတယ်။ ဒီခရီးအတွင်း သင်ဟာ အားအင်ကုန်ခန်း မောပန်းနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ကုန်စရာ အခြေအနေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ ခရီးပန်းတိုင်ကို ရောက်ရှိတဲ့အခါ ကြည်နူးသာယာဖွယ်နှင့် ကျေနပ်အားရမှုအပေါင်းကို တွေ့ကြုံခံစားရပါတော့တယ်။
Hi! Everyone , Welcome to 2016 !!!